လောက်ကိုင် ဇွန် ၁၄
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းဦးဆောင်သောအဖွဲ့သည် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ တပ်ရင်းတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်/ကျေးရွာများရှိ ပြည်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ၊ လောက်ကိုင်မြို့နယ်ရုံးကြီးမှူး ကျင်းပသောကျင်းပ ပြုလုပ်သည့်ပန်းခင်းစီမံချက်အရ နိုင်ငံသားစိစစ်ရေး ကတ်ပြားပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်၌ ရှမ်းပြည်နယ် (မြောက်ပိုင်း) ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကိုးကန့်ကော်တုံးစာသင်ကျောင်း၌ ကျင်းပခဲ့ပါသည်။ ရှေးဦးစွာ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းမှ အဖွင့်အမှာစကား ပြောကြားပါသည်။
ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်သော ဦးစိုင်းရွက်၊ ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးနေလင်း၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးအောင်မြင့်၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် ဒေသကွပ်ကဲရေးမှူးဗိုလ်မှူးချုပ်ဇော်မင်း၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးမြင့်ဆွေ၊ ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် ဦးခင်မောင်လွင်၊ ကုန်းကြမ်းမြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်ဦးမောင်မောင်တို့မှ တပ်ရင်းတပ်ဖွဲ့ဝင်များ နှင့် ရပ်ကွက်/ကျေးရွာ များရှိ အိမ်ထောင်စု(၇၂) စုရှိ ပလောင်တိုင်းရင်းသား (၄၀) ဦး၊ မြောင်ဇီးတိုင်းရင်းသား (၃၅)ဦး၊ လီဆူတိုင်းရင်းသား (၃၀) ဦး၊ တပ်ရင်းတပ်ဖွဲ့ဝင်များ နှင့် တပ်မိသားစုဝင်များ (၅၀) ဦး၊ ရဲတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်မိသားစုများ (၄၅) ဦး၊ ကုန်းကြမ်းမြို့၊ ရပ်ကွက် (၁/၂/၃) ရှိ ပြည်သူများ(၆၀)ဦး၊ မော်ထိုက်မြို့မင်ဟွာလင်အုပ်စု (၄၀)ဦး၊ ကုန်းကြမ်းမြို့၊ တာကုန်းကြမ်း အုပ်စု (၅၀)ဦး၊ စုစုပေါင်း (၃၅၀)ဦးတို့ကို နိုင်ငံသား စိစစ်ရေးကတ်ပြားပေးအပ်ရာ ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြောကြားကာ အခမ်းအနားကို ပြီးမြောက်ခဲ့ကြောင်း သိရသည်။