မြို့သစ်မြို့နယ် ၊ မကြီးချိုကျေးရွာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာမှ အခြေခံစက်ချုပ် ပညာသင်တန်းဖွင့်လှစ်

မြို့သစ် ဇွန်  ၁၄

 

 

မကွေးတိုင်းဒေသကြီး ၊မြို့သစ်မြို့နယ် မကြီးချိုကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ ဦးဆောင်၍ ကျေးရွာအတွင်းရှိ ဒေသခံပြည်သူ အမျိုးသမီး ငယ်လေးများအားအိမ်တွင်း မှုလုပ်ငန်းတစ်ခုဖြစ်သည့် အခြေခံစက်ချုပ်ပညာသင်တန်းကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

      

 

 

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် သင်တန်းဖွင့်လှစ်ပေးရခြင်း၏ ရည်ရွယ်ချက် များကတော့ ကျေးလက်နေပြည်သူများ  မိသားစုစားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ အထောက် အကူဖြစ်စေရန်နှင့် အသက်မွေးဝမ်းကြောင်းလုပ်ငန်းတစ်ခုအနေဖြင့် ရပ်တည်နိုင်စေရန် ဖွင့်လှစ်သင် ကြားပေးခြင်းဖြစ်သည်။

 

 

သင်တန်းတွင် အခြေခံစက်ချုပ်ပညာကို လေ့လာသင်ယူသူ  အမျိုးသမီးငယ် (၃၀)ဦးရှိပြီး   ၎င်းတို့ အား ကိုဗစ်-၁၉စည်းမျဉ်းစည်းကမ်းများနှင့်အညီလိုက်နာသင်ယူစေပြီး လိုအပ် သည့်   သင်ထောက် ကူပစ္စည်းများကိုလည်း  သင်တန်းကာလအတွင်း အခမဲ့အသုံးပြုနိုင်စေရန် စီစဉ် ဆောင်ရွက် ပေးလျက်ရှိသည်။ သင်တန်းကာလမှာ ( ၁.၆.၂၀၂၁)မှ(၃၀.၆.၂၀၂၁)ရက်နေ့အထိ ဖွင့်လှစ် သင်ကြား ပေးသွားမည်ဖြစ်ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန    ဦးစီးအရာရှိ ဦးသန်းဝင်း ထံမှ သိရသည်။

 

 

မြင့်မြင့်ထွေး(မြို့သစ်)