ကြံခင်းမြို့လူထုအခြေပြုဗဟိုဌာန(Community Centere)ခန်းမတွင်စာဖတ်ဝိုင်းပြုလုပ်

ကြံခင်း   ဇွန်   ၁၄

ဟင်္သာတခရိုင် ကြံခင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community  Center)ခန်းမတွင် ယမန်နေ့နံနက်ပိုင်းက စာအုပ်စာပေချစ်မြတ်နိုးသူများBook Clubအဖွဲ့ဝင်များနှင့် Youth Club အဖွဲ့များက စာဖတ်ဝိုင်းပြုလုပ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ပထမဦးစွာကြံခင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာ မြို့နယ်ဦးစီးမှူး ဒေါ်လှိုင်ပို့ပို့ဇင်က စာဖတ်ဝိုင်းပြုလုပ်ရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး မြို့နယ်စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း Book Clubအဖွဲ့မှဦးမြတ်ထွန်းက ဦးဆောင်ပြီး စာရေးဆရာလယ်တွင်းသားစောချစ်ရေးသားသော "ပန်းလိုချင်အပင်ပျိုးတတ်မှ" စာအုပ်မှ ပန်းလှလှကို ရလိုလျှင် ဥယျာဉ်မှူးကောင်းဖြစ်ရန်လိုသလို၊ သားသမီးကောင်းကောင်း ရလိုလျှင် ကိုယ်တိုင်ကမိဘကောင်းဖြစ်ရန် လိုကြောင်းပြုစုပျိုးထောင်ရာတွင် ရုပ်ပိုင်း၊ စိတ်ပိုင်းနှစ်မျိုးလုံး သွန်သင်ပြုစုစောင့်ရှောက် ပျိုးထောင်ရန် စတဲ့အချက်များပါဝင်သော  အကြောင်းအရာများ အားဆွေးနွေးပါသည်။

ဆက်လက်ပြီးYouth Club အဖွဲ့ဝင်များဖြစ်သော ဒေါ်စန်းစန်းသစ်မှ" ကလေးနှင့်ပညာရေး" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒေါ်မိမိခိုင်က"ကလေးဖတ်စရာ စာရွေးပါ"ခေါင်းစဉ်ဖြင့် လူငယ်ပညာပေး ကဏ္ဍဆောင်းပါးများကိုအသီးသီးဆွေးနွေးကြပါသည်။

ထိုနောက်တတ်ရောက်လာကြသော စာအုပ်စာပေချစ်မြတ်နိုးသူBook Clubနှင့် Youth Clubအဖွဲ့ဝင်များက ခေါင်းစဉ်ပါအကြောင်းအရာအား တစ်ဦးချင်းစီမှမိမိတိုအမြင်များအား အပြန်အလှန် ဆွေးနွေးခဲ့ကြောင်းသိရသည်။

 မြို့နယ်(ပြန်/ဆက်