အမ်း၊ ဇွန် ၁၄
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၌ မြို့နယ်သာသနာရေးဦးစီးဌာနနှင့် ပထမပြန်စာမေးပွဲနှင့် စူဠ ဘွဲ့နှင်းသဘင်ကျင်းပရေး ဦးစီးကော်မတီတို့ပူးပေါင်း၍ ကျင်းပပြုလုပ်သော အစိုးရပါဠိ ပထမပြန်စာမေးပွဲ စူဘွဲ့နှင်းသဘင် အခမ်းအနားကို ယမန်နေ့ ညနေ(၄)နာရီအချိန် အမှတ်(၃) စျေးရပ်ကွက် မြတ်စွယ် တော်ဓမ္မာရုံတွင် ကိုဗစ်-၁၉ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ ကျင်းပပြု လုပ်သည်။
ရှေ့ဦးစွာ မြို့နယ်သံဃာနယကအဖွဲ့ဆရာတော်များအား လှူဖွယ်ဝထ္ထုများဆက်ကပ်လှူဒါန်းပြီး ၂၀၂၀ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲ အမ်းမြို့နယ်စာဖြေဌာနတွင် အောင်မြင်တော်မူကြ သော စာအောင် သံဃာ(၉)ပါး၊ လူပုဂ္ဂိုလ် (၄)ဦး တို့အားအောင်လက်မှတ်နှင့် ဂုဏ်ပြု ဆုငွေ များကို အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ ၊မြို့မိမြို့ဖများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က ဆက်ကပ် ချီးမြှင့် ကြောင်းသိရှိရသည်။
စိုးမင်ထွန်း