လောက်ကိုင် ဇွန် ၁၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိတပ်ရင်းတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်/ကျေးရွာ များရှိပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ခြင်းကို ယနေ့ နံနက်(၉)နာရီ က လောက်ကိုင်မြို့၊ တရုတ်(ကော်တုံး)စာသင် ကျောင်း၌ကျင်းပသည်။
ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဒေါက်တာကျော်ထွန်းက တိုင်းရင်းသားများအားလုံး နိုင်ငံသားစိစစ်ရေးကတ်ပြား မရရှိသေးသူများကို ပန်းခင်းစီမံချက်နှင့် အညီပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်နှင့်အညီ အရေးပေါ်ကာလပြဋ္ဌာန်းချက်နှင့်အညီ မိမိတို့ အစိုးရတက်လာသည်မှာ(၄)လတာ ကာလအတွင်း ရှမ်းပြည်နယ်(အရှေ့၊တောင်၊မြောက်)တို့တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသတ၌ ပန်းခင်းစီမံချက်ကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အောင်မြင်မှုရှိ ပါကြောင်း၊မကြာမီကာလတွင်နိုင်ငံတော်၏ လမ်းညွှန်ချက်နှင့်အညီ စစ်မှန်သော ဒီမိုကရေစီရွေးကောက်ပွဲ ကျင်းပမည်ဖြစ်သောကြောင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိမှသာလျှင်မဲပေး ခွင့်ရရှိမှာဖြစ်သောကြောင့် နိုင်ငံတော် ၏စီမံချက်နှင့်အညီ ရောက်သည့်နေရာတွင် ကတ်ပြားများကို ပြုလုပ်ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ဘာသာစကားများမပေါက်သောကြောင့် နီးစပ်ရာများကိုပြောပြကာ နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စုဇယား များပြုလုပ်ပေးကြရန်နှင့်ဒေသဖွံ့ဖြိုး ရေးအတွက်ဟန်ချက်ညီစွာဖြင့်ကျေး လက်နှင့် မြို့ပြကွာဟမှုမရှိစေရေးအတွက် ဖွံ့ဖြိုးတိုးတက်ရန်နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီမှ မှာကြားသဖြင့် မိမိတို့အနေ နှင့်ယခုလို့ကွင်းဆင်း၍ လိုအပ်သည်များကိုပေါင်းစပ်ကာ ဒေသ၏လိုအပ်ချက် များကိုမည်ကဲ့သို့ ဆောင်ရွက်ပေးရန်နှင့် နိုင်ငံတော်ကို မည်ကဲ့သို့တင်ပြပေးရမည့်ကို ယခုလို ကွင်းဆင်း ကြည့်ရခြင်းဖြစ်ကြောင်း၊ အားလုံး ပူးပေါင်းဆောင်ရွက်ပေးကြရန် ပြောကြားသွားသည်။
ဆက်လက်၍ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ တပ်ရင်းတပ်ဖွဲ့ ဝင်များနှင့် ရပ်ကွက် ကျေးရွာများရှိ ပြည်သူများထံသို့နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်ရာပလောင်တိုင်း ရင်းသားပြည်သူ များအား နိုင်ငံသား စိစစ်ရေးကတ်ပြား(၄၀)ကတ်ကို ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းကပေးအပ်ရာ ပလောင်တိုင်းရင်းသူတစ်ဦးမှ လက်ခံရယူ၍လည်းကောင်း ၊မြောင်ဇီး တိုင်းရင်းသားပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား(၃၅)ကတ်၊ လီဆူတိုင်းရင်းသားပြည်များအား နိုင်ငံသားစိစစ် ရေးကတ်ပြား(၃၀)တို့ကို ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်ဦးစိုင်းလိတ်နှင့် အတွင်းရေးမှူး ဦးနေလင်းတို့က ပေးအပ်ရာ တိုင်းရင်းသူများမှလက်ခံရယူ၍လည်းကောင်း၊ တပ်ရင်းတပ် ဖွဲ့ဝင်မျာနှင့် တပ်မိသားစုဝင်များအား ကတ်ပြား(၅၀)ကတ်၊ ကုန်းကြမ်းမြို့၊ ရပ်ကွက်(၁)(၂)(၃)ရှိပြည်သူများ အားကတ်ပြား(၆၀)ကတ်၊ မော်ထိုက်မြို့ရှိ ပြည်သူများအားကတ်ပြား(၄၀)ကတ်၊ တာကုန်းကြမ်းကျေးရွာ အုပ်စုရှိ ပြည်သူများအား ကတ်ပြား(၅၀)ကတ်တို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ရှမ်းပြည်နယ် ညွှန်ကြားရေးမှူးဦးအောင်မြင့်၊ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆွေ၊ အဖွဲ့ဝင် ဦးခင်မောင်လွင်၊ဦးမောင်မောင်တို့မှအသီးသီးပေးအပ်ရာ ရဲတပ်ဖွဲ့ဝင်၊ ရပ်ကွက်(၁)အုပ်ချုပ်ရေးမှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ ကလက်ခံရယူကြပြီး ဒေသခံ ပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားကြောင်းသိရသည်။
ထို့နောက်ပြည်နယ် စီမဲအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဒေါက်တာကျော်ထွန်း အဖွဲ့ဝင်များ၊တာဝန်ရှိသူတို့ သည် BP 125 နယ်စပ်ဂိတ်အား သွားရောက်ကြည့်ရှုပြီး ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေး ခန်းမ၌ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာများနှင့်တွေ့ဆုံရာ ရှမ်းပြည် နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးက ဒေသလိုအပ်ချက်များတင်ပြ၍ ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ထံသို့ ထောက်ပံ့ငွေကျပ်(၁၀)သိန်းစီပေးအပ်ရာ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမြင့်ဆွေနှင့် အဖွဲ့ဝင်များ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ များက လက်ခံရယူကြကြောင်းသိရသည်။
မောင်မောင်သန်း (တောင်ကြီး)