ကျိုင်းတုံ၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပ‌ဒေအသိပညာပေး ဆွေးနွေးပွဲကျင်းပ

ကျိုင်းတုံ      ဇွန်  ၁၄

 

ရှမ်းပြည်နယ်(အ‌ရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်အဆင့် ကလေးသူငယ်အခွင့်အ‌ရေးများဆိုင်ရာ ဥပဒေ အသိပညာပေး ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီက အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းခွဲ၊ အ.လ.က(၃)၌ ကျင်းပသည်။

 

ဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးလှိုင်းမောင်မောင်က အမှာစကားပြောကြားပြီး မြို့နယ်ဥပ‌ဒေရုံးမှ ဒုတိယဦးစီးမှူး ဒေါ်မိုမိုဝင်းက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဉပဒေနှင့် ပြစ်မှုပြစ်ဒဏ်များနှင့် ပတ်သက်၍ ရှင်းလင်း ဆွေးနွေးသည်။ ထို့နောက် ကျိုင်းတုံခရိုင်လူမှုဝန်ထမ်းရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ခင်မြင့်က ကလေးတိုင်းကျန်းမာစွာ အသက်ရှင်နေထိုင်ခွင့်၊ ခေါင်းပုံ ဖြတ်ခြင်း၊ ခွဲခြားစွာဆက်ဆံခြင်း၊ လျစ်လျူရှုခြင်းတို့မှ ကာကွယ်စောင့်ရှောက်ခံယူခွင့်၊ အခြေခံ ပညာများကို အခမဲ့သင်ယူခွင့်၊မိမိတို့၏ ဆန္ဒများနှင့် ထင်မြင်ယူဆချက်များကို ဖော်ထုတ်ပြောဆိုခွင့်၊ ကလေးငယ်များ လိုက်နာရမည့် ကျင့်ဝတ်နှင့် စည်းမျဉ်း စည်းကမ်းများ၊ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေနှင့် ပြစ်မှုပြစ်ဒဏ်များကို အသေးစိတ်ရှင်းလင်း ဆွေးနွေးသည်။

 

ယင်းနောက် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် အပြန်အလှန် ဆွေးနွေးခဲ့ကြပြီး တာဝန်ရှိသူများမှ ကျောင်းသား၊ ကျောင်းသူများအား ဗလာစာအုပ်နှင့် ဘောပင်များကို ပေးဝေခဲ့ကြကြောင်းသိရသည်။

ရဲထက်ဦး( ကျိုင်းတုံ)