ကြံခင်း ဇွန် ၁၄
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ကြံခင်းမြို့တွင်ယမန်နေ့မှစတင်ပြီး ကြံခင်း-ဟင်္သာတ တွင် (၁၈၉)အဆန်နှင့်(၁၉၀)အစုန်လော်ကယ်ရထားပြေးဆွဲမှာဖြစ်ကြောင်းသိရသည်။
အဆိုပါလော်ကယ်ရထားကို အမှတ်(၉)တိုင်းနယ်မြေအတွင်းရှိ ရထားအားလုံးပြေးဆွဲမှု ရပ်ထားရာမှ ခရီးသွားပြည်သူများနှင့် ကုန်သွယ်စီးဆင်းမှု အဆင်ပြေစေရန ်စတင်ပြေးဆွဲသွားမှာဖြစ်ပြီး၊ တွဲကြီး(၂)တွဲ၊ တွဲလေး(၁)တွဲ၊ ပါဆယ်တွဲ(၁)တွဲနှင့် ဘရိတ်တွဲ(၁)တွဲ ချိတ်ပြီး ပြေးဆွဲသွားမှာဖြစ်ကြောင်းနှင့်(၁၈၉) အဆန်လော်ကယ်ရထားသည် ဟင်္သာတမြို့မှ နံနက်(၆)နာရီထွက်ပြီး ၊ ကြံခင်းမြို့သို့နံနက်(၁၀း၄၅ )ရောက်မှာဖြစ်ကြောင်း၊ (၁၉၀) အစုန်လော်ကယ်ရထားသည် ကြံခင်းမြို့မှ နေ့လည်(၁၂)နာရီထွက်ပြီး၊ ဟင်္သာတမြို့သို့ ညနေ(၅)နာရီရောက်မှာဖြစ်ကြောင်း ကြံခင်းမြို့နယ်မီးရထားရုံပိုင်ကြီး ဦးမောင်မောင်ဦးထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)