စလင်း ဇွန် ၁၄
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်းရှိကျေးရွာများမှ တောင်သူ များသည် နွေနှမ်းဖြစ်သည့်စမုံနက်နှမ်းများကို စိုက်ပျိုးကြရာ ရွာသစ်ကျေးရွာရှိ တောင်သူ အချို့သည် မိုးမရွာသေးသည့် မတ်လအတွင်းက စိုက်ပျိုးရန်နွေသီးနှံစိုက်ပျိုးရန် အတွက် လယ်ယာမြေများကို စနစ်တကျထွန်ယက်ကြပြီး မြေအောက်မှရေကိုအသုံးပြုကာ တစ်နှစ် ပတ်လုံးစိုက်ပျိုးကြရာ ယနေ့တွင် စမုံနက်နှမ်းများအောင်မြင်ဖြစ်ထွန်း၍ ရိတ်သိမ်းလျက် ရှိသည်။
စမုံနက်(နှမ်းနက်)များကို နေရာအတော်များများတွင် စိုက်ပျိုးခဲ့ကြရာ ယခုစိုက်ပျိုး သည့်စမုံနက်နှမ်းများကို မတ်လပထမအပတ်အတွင်းက စိုက်ပျိုးခဲ့ရာ အပင်ဖြစ်ထွန်းချိန်မှ ရက်ပေါင်း(၁၀၀)ပြည့်လျှင် ရိတ်သိမ်းနိုင်ပြီဖြစ်သောကြောင့်ရိတ်သိမ်းခဲ့ရာ မြို့တွင်းရှိပွဲရုံများ က စမုံနက်နှမ်း (၁) တင်းကို (၄၃၀၀၀ကျပ်)မှ(၄၅၀၀၀ကျပ်)အထိပေး၍ ဝယ်ယူကြကြောင်း ကို ရွာသစ်ကျေးရွာနေ တောင်သူလုပ်ငန်းလုပ်ကိုင်သူ ဦးခင်မောင်သိန်းထံမှသိရှိရသည်။
မောင်လွင်(စလင်း)