စလင်း ၊ ဇွန် ၁၄
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် ပို့ဆောင်ရေးနှင့်ဆက်သွယ် ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းသို့ ၂၀၂၁-၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာ များလာရောက်လျှောက်ထားလျက်ရှိရာ စလင်းမြို့မြန်မာ့စာတိုက်လုပ်ငန်းသို့ ယနေ့ နံနက်၉နာရီ၃၀မိနစ်အချိန်က တက္ကသိုလ်ဘာသာရပ်အသီးသီးအတွက် ကျောင်းသား/သူ များနှင့် ကျောင်းသားမိဘများ လာရောက်လျှောက်ထားလျက်ရှိသည်။
စလင်းမြို့နယ်အတွင်းရှိ တက္ကသိုလ်ပညာဆက်လက်သင်ယူမည့် ကျောင်းသား ကျောင်းသူ များကို မေလ ၁၅ ရက်နေ့မှစ၍ မြို့နယ်မြန်မာ့စာတိုက်လုပ်ငန်းမှ တစ်ဦးချင်းသော် လည်းကောင်း၊ ၂ နှစ်ယောက်တွဲ ၃ ယောက်တွဲသော်လည်းကောင်း လူစုလူဝေးမဖြစ်ပေါ် စေရန်နှင့် ကျောင်းသားကျောင်းသူများနှင့် ကျောင်းသားမိဘများ ပျော်ရွှင်ကြည်နူးစွာဖြင့် လာရောက်လျှောက်ထားနိုင်ရန် မြို့နယ်မြန်မာ့စာတိုက်လုပ်ငန်းမှ ဝန်ထမ်းများက စနစ်တကျစီစဉ်ဆောင်ရွက်လက်ခံပေးလျက်ရှိကြောင်းသိရှိရသည်။
မောင်လွင်(စလင်း)