ကျောက်တံခါး ဇွန် ၁၄
ပဲခူးတိုင်းဒေသကြီး၊ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် မြို့နယ်သစ်တောဦးစီးဌာနမှ သစ်တော အရာရှိနှင့် ဝန်ထမ်း များသည် mobileယာဉ်ဖြင့် ပြည်သူများ စိုက်ပျိုးနိုင်ရန်အတွက် အရိပ်ရပျိုးပင်များနှင့် သီးပင် စားပင် များအား ယနေ့ နံနက် ၈ နာရီအချိန်တွင် စည်ပင်သာယာမြို့မစျေးတွင်းနှင့် မြို့တွင်း လမ်းဆုံများတွင် အများ ပြည်သူများ စိုက်ပျိုးနိူင်ရန်အတွက် အခမဲ့ဖြန့်ဝေပေးခဲ့သည်။
ကျောက်တံခါးမြို့နယ်သစ်တောဦးစီးဌာနမြို့မပျိုးဥယျာဉ်တွင် ကျွန်းပျိုးပင်(၁၀၂၀၀)၊ မန်ဂျန်ရှား ပျိုးပင် (၁၆၇၁၀)နှင့် မဟော်ဂနီပျိုးပင် (၁၀၉၂၀)၊ ယူကလစ်ပျိုးပင် (၁၆၁၄၀)၊ ပိတောက်ပျိုးပင်(၂၇၀၀)၊ သပြေဘူတပျိုးပင် (၂၃၀၀)စသည့် သစ်ပင်မျိုးပေါင်း(၂၂)မျိုး ပျိုးပင်ပေါင်းခုနှစ်သောင်းပျိုးထောင်ထားရှိ ကြောင်း၊ သစ်တော ဦးစီးဌာနမှ ဝန်ထမ်းများသည် mobile ယာဉ်ဖြင့် တောကျွဲအင်း၊ပဲနွယ်ကုန်း၊ ကျောက်တံခါး၊ ဖဒို၊ မြို့ချောင်း ဒေသများရှိ ပြည်သူများသို့ အမြင့်(၂)ပေနှင့်အထက်ပျိုးပင်များကို အခမဲ့ ဖြန့်ဝေပေးလျှက်ရှိကြောင်းနှင့် ပြည်သူ များ အနေဖြင့် တစ်ပင်စိုက်တစ်ပင်ရှင်သန်စေရန် ပြုစု စောင့်ရှောက် ထိန်းသိမ်းသွားစေလိုကြောင်း မြို့နယ် သစ်တော ဦးစီးအရာရှိ ဦးတင်ထွန်းကပြောကြားခဲ့ ကြောင်းသိရှိရသည်။
မြို့နယ် (ပြန်/ဆက်)