ကျောက်မဲမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအသုတ် ထိုးနှံပေးလျက်ရှိ

 

ကျောက်မဲ ဇွန် ၁၄

    

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့၊ မြို့ကျက်သရေဆောင်ခန်းမအတွင်း၌ ယနေ့ နံနက် ၁၀ နာရီ အချိန်က ဒုတိယအသုတ်အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(ပထမအကြိမ်)ကို ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

 

ကျောက်မဲမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အစီအစဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအသုတ်၌ လူဦးရေ ၅၁၅၆ ဦးအတွက် ထိုးနှံပေးခဲ့ပြီး ယခုဒုတိယအသုတ်တွင် လူဦးရေ ၁၄၅ ‌ဦးအတွက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ယနေ့ထိုးနှံပေးသည့်ဆေးသည် တရုတ်နိုင်ငံထုတ်  Vero ဆေးအမျိုးအစားဖြစ်ပြီး  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လုံးဝမထိုးရသေးသည့် ပညာရေးဝန်ထမ်းများနှင့် အခြားဌာနဆိုင်ရာ ဝန်ထမ်းများကိုသာ ဦးစားပေး ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ တရုတ်နိုင်ငံထုတ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးတစ်လုံးလျှင် လူတစ်ဦးနှုန်းအတွက် သာဖြစ်ပြီး လူတစ်ဦးလျှင် ယခင်ထိုးနှံပေးခဲ့သည့် ဆေးများနည်းတူ  ပထမအကြိမ်နှင့် ဒုတိယအကြိမ် ဟူ၍ ၂ ကြိမ် ထိုးနှံ‌ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

မိုင်းထွန်း(ပြန်/ဆက်)