နတ်တလင်းမြို့နယ်တွင် ကိုဗစ် -၁၉ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်

 

နတ်တလင်း ဇွန် ၁၄

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ် လူစည်ကားရာ နေရာဖြစ်သော မြို့မစျေးကြီး၊ အနှေး ယာဉ်ဂိတ်များတွင်ကိုဗစ် -၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး အသိပညာပေး လုပ်ငန်းများ ယနေ့ နံနက် ၈ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး အသိပညာပေး လုပ်ငန်းများကို မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ စျေးကော်မတီဝင်များ၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာန၊မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များက ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားမှုကို ထိန်းချုပ်နိုင်ရေးအတွက် ပါးစပ်နှင့် နှာခေါင်းစည်း (Mask)ကို မဖြစ်မနေ စနစ်တကျ တပ်ဆင်သွားလာရေး အသိပညာပေး ပြောကြားခြင်း၊ (Mask) မတပ်ဆင်သူများအား ဝေငှခြင်း၊ မြို့မစျေး အတွင်း စျေးဆိုင်များ ဖွင့်လှစ်ရောင်းချမှု အခြေအနေများအား ကြည့်ရှူစစ်ဆေးခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထားထားဦး၊နတ်တလင်း