သဲကုန်းမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်းကျင်းပ

 

သဲကုန်း  ဇွန်  ၁၄

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာပေမြတ်နိုး တန်ဖိုး ထားသူများ ပိုမိုတိုးပွားလာစေရန်နှင့် အချင်းချင်းဝိုင်းဖွဲ့ ဆွေးနွေးခြင်းအားဖြင့် တစ်ဦးချင်းစီ၏ အတွေး အခေါ် အသိအမြင်များအား မျှဝေတတ်စေရန် စာပေမှရသော  အသိအမြင်ဗဟုသုတများကို အသုံးချ၍ တန်ဖိုး ရှိသော လူငယ်များဖြစ်လာစေရန် ရည်ရွယ်၍ ယမန်နေ့က ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်းကျင်းပ ပြုလုပ်ခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊မြို့နယ်ဦးစီးမှူးဦးနိုင်လင်းမှ တက်ရောက် လာသူများအား စာဖတ်ဝိုင်း ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး စာအုပ် စာပေ ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲဝင် ဆရာ ဦးမျိုးဇော်ထွဋ်နှင့် ဆရာမ ဒေါ်တင်တင်အေး တို့ကစာရေးဆရာချစ်နိုင်(စိတ်ပညာ) ရေးသားသော ကိုယ့်ကိုယ်ကိုယုံကြည်မှုစာအုပ်အားဖတ်ကြားဆွေးနွေးခဲ့ရာ မြို့နယ်အတွင်းရှိ စာပေချစ်သူ စာဖတ်ပရိသတ်များနှင့်အတူ ၎င်းစာအုပ်ပါအကြောင်းအရာများကို အမြင်ချင်း ဖလှယ်ကာ စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

နိုင်လင်း(သဲကုန်းပြန်/ဆက်)