တနင်္သာရီ-ဇွန်လ ၁၄
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးအစည်းအဝေးခန်းမအတွင်း ဇွန်လ ၁၄ရက် နံနက် ၉နာရီ၄၅ အချိန်က တနင်္သာရီမြို့နယ်၊ တမုတ်ချုံးကျေးရွာအုပ်စု ၊ ရေဖြူကျေးရွာ အခြေစိုက် ကမ်းရိုးတန်း ဒေသတိုင်းစစ်ဌာနချုပ် အမှတ်-၃စစ်ဗျူဟာ ယာယီ စစ်ဗျူဟာမှူး ဒုဗိုလ်မှူးကြီး လှဇော်အောင် နှင့် မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌ ဦးအေးနိုင် တို့ကတနင်္သာရီမြို့နယ်ရဲတပ်ဖွဲ့သို့(COVID-19) ရောဂါ ကာကွယ်ရေး အထောက် အကူပစ္စည်းများလှူဒါန်းပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။
ယင်းအခမ်းအနားသို့ အမှတ်-၃ စစ်ဗျူဟာ (ရေဖြူ) ယာယီစစ်ဗျူဟာမှူး ဒုဗိုလ်မှူးကြီး လှ ဇော်အောင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအေးနိုင်၊ အတွင်းရေးမှူး ယာယီရဲမှူး နေဝင်း နှင့်အဖွဲ့ဝင်များ၊ မြို့နယ် ဌာန ဆိုင်ရာ ဦးစီးမှူးများနှင့် ရဲတပ်ဖွဲ့ဝင်များ စုစုပေါင်း(၂၅)ဦးတက်ရောက်ခဲ့ကြသည် ။
အခမ်းအနားတွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအေးနိုင်မှ မြို့နယ်အတွင်း၂၀၂၁ခုနှစ် မေလ(၂၅) ရက်နေ့မှစတင်၍ တကူ(စံပြ)တိုက် နယ်ဆေးရုံတွင် (COVID-19) ရောဂါစစ်ဆေး တွေ့ရှိမှု၊ ကူးစက်ပြန့်ပွားမှု မရှိစေ ရေးနှင့် ကာ ကွယ်/ထိန်းချုပ်/ကုသရေးလုပ်ငန်းများဆောင် ရွက်ထားမှု၊ ရောဂါ ကုသပျောက်ကင်းမှု အခြေ အနေ များအား ရှင်းလင်းတင်ပြသည်။
ထို့နောက် အမှတ်(၃)စစ်ဗျူဟာ(ရေဖြူ) ယာ ယီစစ်ဗျူဟာမှူး ဒုဗိုလ်မှူးကြီးလှဇော်အောင်က တနင်္သာရီမြို့နယ် ရဲတပ်ဖွဲ့သို့ (COVID-19) ရော ဂါကာကွယ်ထ်ိန်းချုပ်ရေးလုပ်ငန်းများတွင် အ သုံးပြုရန် (PPE)ဝတ်စုံ (၂၀)စုံအား ထောက်ပံ့ ပေးအပ်ရာ မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး နေ ဝင်းကလည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးအေးနိုင် မှ(PPE)ဝတ်စုံ(၅)စုံ၊အပူချိန်တိုင်းကိရိယာ(၁)ခု ၊ Enervon-C ဆေး(၂)ဗူး၊ Hand Gel (၁၀)ဗူး ၊ Mask(၅၀၀)ခုနှင့် လက်အိတ်(၁)ပါကင်တို့အား ထောက်ပံ့ပေးအပ်ရာ ဒုရဲအုပ်သန်းကျော် က လည်းကောင်း လက်ခံရယူပြီးနောက် မြို့နယ်ရဲ တပ်ဖွဲ့မှူး ယာယီရဲမှူး နေဝင်းက ကျေးဇူးတင် စကားပြန်လည်ပြောကြားကြောင်း မြို့နယ်ရဲ တပ်ဖွဲ့မှူးရုံးက သိရှိရသည်။
သတင်း၊နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)