ပေါက်ခေါင်း ဇွန် ၁၄
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ပေါက်ခေါင်းမြို့နယ်၌ ကိုဗစ်-၁၉ အသိပညာပေးခြင်းနှင့် အပြင်ထွက် သွားလာ ရာတွင် Mask တပ်ဆင်သွားလာခြင်းမရှိသူများအား Mask အခမဲ့ဖြန့်ဝေပေးခြင်းကို ယနေ့ နံနက် ၈ နာရီအချိန်က ပေါက်ခေါင်းမြို့ပြည်-တောင်ငူလမ်းတွင် ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ထို့သို့ဆောင်ရွက်ရာတွင်ပေါက်ခေါင်းမြို့အတွင်း စျေးဝယ်သူများ၊ မြို့တွင်းသွားလာလျက် ရှိသော ဒေသခံ ပြည်သူ များအား ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးကာလအတွင်း နေအိမ်ပြင်ပသို့ မဖြစ်မနေသွားလာရာတွင် Mask တပ်ဆင် သွားလာခြင်းမရှိသူများကို အသိပညာပေးခြင်းနှင့် Mask များ အခမဲ့ဖြန့်ဝေပေးခဲ့သည်။
အဆိုပါလုပ်ငန်းများဆောင်ရွက်ခြင်းကို ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူးဦးဖြိုးသူမောင်နှင့်ဌာနဆိုင်ရာများပူးပေါင်း၍ Mask များ အခမဲ့ ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)