ဇီးကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီနိုင်ရေးအတွက် နှာခေါင်းစည်း Mask စနစ်တကျ တပ်ဆင်သွားလာရေး Mask Campaign ပြုလုပ်

ဇီးကုန်း ဇွန် ၂၅

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးနိုင်ရေး အတွက် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုနှင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့သည် ယနေ့နံနက် ၈ နာရီက ရန်ကုန်-ပြည်ကားလမ်း မီးပွိုင့်လမ်းဆုံနှင့် မြို့မဈေးအတွင်း/အပြင် လူစည်ကားရာနေရာများတွင် Mask Campaign  ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ထွေ/အုပ်၊ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင် များ၊ ပြန်/ဆက်ဝန်ထမ်းများ၊ ရပ်ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်းအဖွဲ့သည် လူစည်ကားရာ မီးပွိုင့် လမ်းဆုံ၊ မြို့မဈေးကြီး အတွင်း/အပြင်နှင့် လူစည်ကားရာနေရာများတွင် နှာခေါင်းစည်း စနစ်တကျ တပ်ဆင် သွားလာခြင်းမရှိသူများ၊ ဈေးသွား၊ ဈေးလာများအား ယခုဝယ်၊ ယခုတပ် စနစ်ဖြင့် ဆောင်ရွက်ခဲ့ပြီး စနစ်တကျ Mask နှာခေါင်း စည်းတပ်ဆင်သွားလာရေး ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။        

တင့်ဆွေ