တွံတေး၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် နံရံကပ်စာစောင် ပြသခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေ

တွံတေး ဇွန် ၂၅

ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး နံရံကပ်စာစောင်နှင့် လက်ကမ်းစာစောင် ဖြန့်ဝေခြင်းကို ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာ ဗဟုသုတ ရရှိစေရန်အတွက် ယနေ့ နံနက် ၁၀ နာရီက အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း တွင်  ပြသထားကြောင်း သိရသည်။

အဆိုပါ နံရံကပ်စာစောင်တွင် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ်  ကျောင်းသား၊သူများ သိရှိနိုင်ရန်အတွက် မူးယစ်သမိုင်းအကြောင်း၊ မူးယစ်ဆေးကြောင့်၊ စိတ်ပိုင်းဆိုင်ရာထိခိုက်မှု၊ ခန္ဓာကိုယ် ပိုင်ဆိုင်ရာ ထိခိုက်မှု၊ လူမှုရေးပိုင်းဆိုင်ရာ ထိခိုက်မှု၊ ဆေးရွက်ကြီး၊ ဆေးလိပ်အန္တရာယ်၊ အသိပညာ ပေးမှုများ မူးယစ်ဆေးဝါး အမျိုးအစားများ၊ မူးယစ်ဆေးဝါးအန္တရာယ်၊ မူးယစ်ဆေးဝါး သုံးစွဲခြင်းကြောင့် ခံစားရမည့် လူမှုရေးဆိုးကျိုးများ၊ မူးယစ်ဆေးဝါး သုံးစွဲသူများ၏ သွင်ပြင်လက္ခဏာများအ‌ကြောင်း စသည့်တို့ကို ပြသပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေ သော အပြည်ပြည် ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်း စကားလက်ကမ်း စာစောင် ဖြန့်ဝေခြင်းနှင့် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းမိသားစုမှ လှူဒါန်းသော Mask (၂၅၀) ကို ကျောင်းသား၊ ကျောင်းသူများအား လှူဒါန်းပေးခဲ့ကြောင်း သိရသည်။