ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ

ဆိပ်ကြီးခနောင်တို ဇွန် ၂၅

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင် စိမ်းလန်းသာယာ စိုပြေစေရေးအတွက် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် ၈ နာရီခွဲအချိန်က ခနောင်တို အရှေ့ရပ်ကွက်၊ မြို့နယ်မီးသတ်ဦးစီးဌာနရုံး အနောက်ဘက်ရှိ မြေသားလမ်းသစ် လမ်းဘေးဝဲ/ယာ တစ်လျှောက်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလမ်းညွှန်ချက်များနှင့်အညီ ကျင်းပ ပြုလုပ်ခဲ့သည်။

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမြင့်လှိုင်နှင့် အဖွဲ့ဝင်များက ဦးဆောင်၍ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ် ကြက်ခြေ နီတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအဖွဲ့အစည်းများက လမ်းဘေးဝဲ/ယာ တစ်လျှောက်တွင် “မန်ဂျန်ရှား၊ မဟော်ဂနီ၊ ပျဉ်းမ၊ စိန်ပန်းကြီး၊ ငုရွှေဝါ စသည့် ပျိုးပင် (၂၀၀)အား တစ်ပြိင်နက်တည်း စုပေါင်းစိုက်ပျိုးပေးခဲ့ကြပြီး မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၊ ဌာနဆိုင်ရာရုံးများ၊ စာသင်ကျောင်းများနှင့်  ရပ်ကွက်များသို့လည်း “ကျွန်း၊ မန်ဂျန်ရှား၊ မဟော်ဂနီ” စသည့် ပျိုးပင် (၃၀၀) အား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဝေယံ