မိုးမိတ်မြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် လက်ကမ်းစာစောင်များ ဖြန့်ဝေ

မိုးမိတ်  ဇွန် ၂၅ 

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ဈေးတို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် မူးယစ်ဆေးသုံးစွဲရခြင်းအကြောင်းအရင်များ၊ မူးယစ်ဆေးဝါး ပြဿနာကို ဖြေရှင်းခြင်း၊ မူးယစ်ဆေးအန္တရာယ်ရှောင်ကြဉ်ဖွယ်အကြောင်းအရာများ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေး လုပ်ငန်းများ၊ မူးယစ်ဆေးအန္တရာယ်အကြောင်းအရာများ၊ မူးယစ်ဆေးစွဲသူ ဖေးမကူ စသည့် ကဗျာ၊ ကာတွန်း၊ ဆောင်ပုဒ်များ စသည့်အကြောင်းအရာများဖြင့် အသိပညာပေးရေးသားဖော်ပြထားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ခံထုတ်ဝေကာ မိဘပြည်သူများအတွက် အခမဲ့ဖြန့်ဝေခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မိုးမိတ်သား(စည်သူဌေး)