ပြည် ဇွန် ၂၅
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ထုတ်ဝေသည့် ၂၀၂၁ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး "သတင်းစကား" လက်ကမ်းစာစောင် များကို ယနေ့ နံနက်ပိုင်းတွင် ပြည်မြို့ အ.ထ.က(၅) ကျောင်းရှေ့၌ ပြည်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများနှင့် မိဘပြည်သူများထံ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ "သတင်းစကား" လက်ကမ်းစာစောင်တွင် "မူးယစ်ဆေးသုံးစွဲရခြင်းအကြောင်း အရင်း၊ မူးယစ်ဆေးဝါး ပြဿနာကို ဖြေရှင်းခြင်း၊ မူးယစ်ဆေးအန္တရာယ် ရှောင်ကြဉ်ဖွယ်၊ ကမ္ဘာ့ရန်သူဘိန်းဖြူ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီး ကာကွယ်ရေးလုပ်ငန်းများ၊ မူးယစ်ဆေးစွဲသူဖေးမကူ "အစရှိသည့်ခေါင်းစဉ်များဖြင့် မူးယစ်ဆေးဝါးအန္တရာယ် သိမှတ်ဖွယ်ရာ အကြောင်းအရာများနှင့် ကဗျာ၊ ကာတွန်းတို့ စုံလင်စွာ ဖော်ပြပါရှိပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာအနေဖြင့် နိုင်ငံတော်၏ နေ့ကြီး/ရက်ကြီးများနှင့် အထိမ်းအမှတ် နေ့ရက်များတွင် "သတင်းစကား" အမည်ဖြင့် သက်ဆိုင်ရာကဏ္ဍအလိုက် အသိပညာပေးလက်ကမ်း စာစောင်များ နှစ်စဉ်ထုတ်ဝေ၍ ပြည်သူများထံ အခမဲ့ဖြန့်ဝေဆောင်ရွက်ကြောင်း သိရသည်။
ကိုဆက်