မြိတ် ဇွန် ၂၅
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ကျောင်းသား/သူများအား မူးယစ်ဆေးဝါးအန္တရာယ်ကို ရှောင်ကြဉ်နိုင်စေရေးအတွက် ဇွန်လ(၂၅)ရက် နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ထုတ်ဝေသည့် သတင်းစကား လက်ကမ်းစာစောင်များကို အထက(၁)မြိတ်မှ ကျောင်းသား/သူများအား ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် မူးယစ်ဆေးအန္တရာယ် ရှောင်ကြဉ်ဖွယ်၊ အနာဂတ်ပန်း ပွင့်လန်းဖို့ မူးယစ်အန္တရာယ် ကာကွယ်စို့ ၊ မူးယစ်ဆေးဝါးသုံးစွဲရခြင်း အကြောင်းအရင်း၊ မူးယစ်ဆေးဝါး ပြဿနာကို ဖြေရှင်းခြင်း၊ ကမ္ဘာ့ရန်သူဘိန်းဖြူ(ကဗျာ)၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးလုပ်ငန်းများ၊ မူးယစ်ဆေးစွဲသူ ဖေးမကူ စသည့်အကြောင်း အရာများနှင့် ပညာပေးကာတွန်း /ဆောင်ပုဒ် ပါဝင်သည့် သတင်းစကားလက်ကမ်းစာစောင်များကို မြိတ်ခရိုင်ရုံး ဝန်ထမ်းများက ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး