ဖြူး ဇွန် ၁၄
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ဖြူးမြို့နယ်၌ သြဝါဒစရိယ ဆရာတော်ကြီးများ ကြီးကြပ်ကာ ၂၀၂၁ ခုနှစ် ပါဠိပထမပြန်စာမေးပွဲကို မြို့တော်ခန်းမ၌ တစ်ပတ်ကြာ ဖြေဆို ကျင်းပခဲ့ရာ ဇွန်လ(၁၃)ရက်နေ့တွင် အောင်မြင် ပြီးစီး ခဲ့ကြောင်းသိရသည်။
ပါဠိပထမပြန်စာမေးပွဲကို ဖြူးမြို့နယ်အတွင်း ကျောင်းတိုက်များမှ စုစုပေါင်း စာဖြေ ရဟန်း၊ သာမဏေ၊သီလရှင် (၈၃)ပါးရှိတွင် အခြေပြုမူလတန်း(၂၅)ပါး၊အငယ်တန်း(၂၆)ပါး၊ အလတ်တန်း (၁၈)ပါး၊ အကြီးတန်း(၁၄)ပါးသည် ဇွန်လ(၇)ရက်နေ့မှ ဇွန်လ ၁၃ရက်နေ့အထိ သက်မှတ်ချက် များနှင့် အညီ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ညွှန်ကြားချက်များနှင့် အညီ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ပါဠိပထမပြန်စာမေးပွဲကို ဝင်ရောက်ဖြေဆိုကြသည့် ရဟန်း၊ သာမဏေ၊ သီလရှင် များအား မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီနှင့် အစိုးရပါဠိပထမပြန်စာမေးပွဲ ကြီးကြပ်ရေးအဖွဲ့တို့မှ အဆင်ပြေ ချောမွေ့စွာ ဖြေဆိုနိုင်ရေးအတွက်၊ ကျန်းမာရေးစောင့်ရှောက်မှုများနှင့် ဝေယျာဝစ္စများအား ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဖြူး (ပြန်/ဆက်)