မော်လမြိုင်ကျွန်း ဇွန် ၁၄
လပွတ္တာခရိုင် ၊ မော်လမြိုင်ကျွန်းမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ အသက်(၈၅)နှစ်နှင့် အထက် ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများကိုကျေးရွာအုပ်စုများရှိ ဘိုးဘွားများ၏ လက်ဝယ် အရောက် လိုက်လံထောက်ပံ့ပေးအပ်လျှက်ရှိသည်။
ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် ဘိုးဘွားများအား ဒုတိယ(၃)လပတ်အတွက် တစ်လလျှင် တစ်ဦးကျပ်တစ်သောင်းနှုန်းဖြင့် ငွေကျပ်၃၀၀၀၀အား ထောက်ပံ့ပေးအပ်ခဲ့ပြီး ကျေးရွာအုပ်စုများမှ ဘိုးဘွားများအား ကျေးရွာအုပ်စုများရှိ ဘိုးဘွားများ၏ လက်ဝယ်အရောက် လူမှုရေးပင်စင် များပေးအပ်သည်။
မြို့နယ်အတွင်းရှိ ဘိုးဘွား စုစုပေါင်း(၁၀၃၈)ဦးအား လူမှုရေးပင်စင်အဖြစ် ထောက်ပံ့ငွေကျပ် စုစုပေါင်း၃၁၁ ,၄၀၀, ၀၀ ကျပ်တိတိအား အိမ်တိုင်ရာရောက် လိုက်လံ ထောက်ပံ့ ပေးအပ်ကြကြောင်း မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ရတနာ မော်ထံမှ သိရှိရသည်။
သီတာအောင် (ပြန်ဆက်)