မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေများထုတ်ချေးပေး

 

ဘုတ်ပြင်း  ဇွန်   ၁၄  

တနင်္သာရီတိုင်းဒေသကြီး၊ကော့သောင်းခရိုင်၊ဘုတ်ပြင်းမြို့နယ်တွင် မိုးစပါးစိုက်ပျိုးတောင်သူ  များအတွက် ၂၀၂၁ ခုနှစ် မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေများကို ဇွန်လ (၁၄) ရက်နေ့က ထုတ်ချေးပေး  ခဲ့သည်။

အဆိုပါ မိုးစပါးစိုက်ပျိုးစရိတ်ထုတ်ချေးပေးရာတွင် မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများမှ  ယမန်နှစ်က ချေးယူထားသော မိုးစပါးစိုက်ပျိုးစရိတ် ဘဏ်ချေးငွေ အကျေပေးဆပ်ပြီးသည့် ကျေးရွာအုပ်စုအလိုက် တောင်သူများကို တစ်ဧကလျှင် ငွေကျပ် တစ်သိန်းခွဲနှုန်းဖြင့် ထုတ်ချေးပေး  သွားမည်ဖြစ်ပြီး ၂၀၂၁ ခုနှစ်တွင် မိုးစပါးစိုက်ဧကအတွက် ကျေးရွာအုပ်စု(၄) အုပ်စုမှ တောင်သူ  စုစုပေါင်း (၃၇)ဦးတို့ကို မိုးစပါးစိုက်ဧက စုစုပေါင်း (၂၈၃) ဧကအတွက် စိုက်ပျိုးစရိတ်ချေးငွေ  စုစုပေါင်းကျပ် (၄၂၄၅၀၀၀၀) ကို ထုတ်ချေးပေးခဲ့ပြီးဖြစ်ကြောင်း မြိတ်မြို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ် ခရိုင်ဘဏ်ခွဲ မန်နေဂျာဦးသန်းစိုးထံမှ သိရသည်။