ဝေါ ဇွန်၁၄
ပဲခူးတိုင်းဒေသကြီး၊ပဲခူးခရိုင်၊ဝေါမြို့နယ် စီမံအုပ်ချုပ်ကောင်စီရုံး အစည်း အဝေးခန်းမတွင် မြို့နယ်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ တွေ့ဆုံကာ ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများ အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက ပြုလုပ် ခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးဝင်းမော် က မြို့နယ်ဌာနဆိုင်ရာများ အတွင်း လုံခြုံရေး ကိစ္စရပ်များ အထူးအလေးထား ဆောင်ရွက်သွားရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးကိစ္စရပ်များ၊ မြို့ပြကျေးလက်လမ်း တံတားတည်ဆောက်ရေးကိစ္စရပ်များ အချိန်မီပြီးစီးရေး၊ သစ်တောဦးစီးဌာနမှ မိုးရာသီ သစ်ပင်စိုက်ပျိုးမှုများ၊ ပညာရေးကိစ္စရပ်များကို ဆရာ၊ ဆရာမများနှင့် ကျောင်းသားမိဘများ ပူးပေါင်း၍ ဆောင်ရွက် သွားရန်လိုကြောင်း၊ အခြေခံ ပညာကျောင်းများနှင့် ဆရာ၊ ဆရာမများ၏ လုံခြုံရေးကို အထူးသတိရှိစွာ ဆောင်ရွက်သွားရန်လိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ဖြစ် ထွန်းရေးနှင့် ဌာနဆိုင်ရာများ လုံခြုံရေးအထူးအလေးထား ဆောင်ရွက်ရန် အစရှိသော ကိစ္စရပ်များကို သက်ဆိုင်ရာဌာနများနှင့် ဆွေးနွေးညှိနှိုင်း မှာကြားခဲ့သည်။
ထို့နောက် မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများက ဌာနလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက် နေမှုတို့ကို ရှင်းလင်းဆွေးနွေး တင်ပြကြရာ လုပ်ငန်းဆွေးနွေးတင်ပြမှုများအား စီမံ အုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌမှ လိုအပ်သည်များ ပူးပေါင်းဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေး မှာကြားခဲ့ကြောင်း သိရသည်။
အောင်မြတ်လင်း (ပြန်/ဆက်)