တံတားဦး ဇွန် ၁၅
ကျောက်ဆည်ခရိုင် တံတားဦးမြို့၌ အုတ်ရေမြောင်း ပြုလုပ်ခြင်းကို တံတားဦးမြို့ အမှတ်(၂)ရပ်ကွက် ရေလည်ရပ်တွင် မိုးရာသီကာလအတွင်း ရေစီးရေလာကောင်းမွန်စေရန် မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ အုတ်ရေမြောင်း ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည် ။
အဆိုပါ အုတ်ရေမြောင်း ပြုလုပ်ရာတွင် အကျယ်(၃)ပေ ၊ အနက်(၃)ပေ ၊ ရေမြောင်းအရှည်(၂၂၃)ပေရှိ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် သာမန်အသုံးစရိတ်ရန်ပုံငွေကျပ် (၅.၅၆၀)ကျပ်သန်းဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ လုပ်ငန်းဆောင်ရွက်မှု ပမာဏ၏ ရာနှုန်းပြည့်ပြီးစီးကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်နိုင်ထံမှသိရသည် ။
အုတ်ရေမြောင်း ဆောင်ရွက်နေမှုများအား စံချိန်စံညွှန်းနှင့်ပြည့်မီရေး ၊ သတ်မှတ်ကာလတွင် ပြီးစီးရေး၊ ရေရှည်တည်တံ့ရေးတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည် ။
ရဲတင့်(တံတားဦး)