ဟိုပုံးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာနှင့် ထိတွေ့ခဲ့သူ(၁၀)ဦးအား RDT-Test Kit ဖြင့်စစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါပိုးမတွေ့

ဟိုပုံး  ဇွန်  ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာနှင့် ထိတွေ့ခဲ့သူ(၁၀)ဦးအား ယနေ့နံနက်(၈)ရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံတွင် RDT-Test Kit ဖြင့်စစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါ ပိုးမတွေ့ရှိရကြောင်းသိရသည်။

ဟိုပုံးမြို့၊ မြို့ဦးရပ်ကွက်၊ နယ်မြေ(၄) အသက်(၅၈)နှစ်အရွယ်အမျိုးသားတစ်ဦးသည် ဇွန်လ(၁၁) ရက်နေ့တွင် ဖျားနာခြင်း၊ နှလုံးဖောက်ခြင်းဖြစ်သည့်အတွက် တောင်ကြီးမြို့ စဝ်စံထွန်း ဆေးရုံသို့ သွားရောက်ပြသရာတွင် ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိစစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ ခဲ့ကြောင်းသိရသည်။ ဆက်လက်၍ အဆိုပါပိုးတွေ့လူနာနှင့်ထိတွေ့ခဲ့သည့် အသက်(၅၈)နှစ် နှင့် အသက်(၃၈)နှစ်အရွယ်အမျိုးသမီး(၂)ဦးအား RDT-Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါ ပိုးရှိ/မရှိ စစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ခဲ့၍ မြို့နယ်ပြည်သူ့ဆေးရုံကြီး၏ Covid Isolation Ward တွင် သီးသန့်ကြပ်မတ်ကုသဆောင်ရွက်ပေးလျက်ရှိသည်။

အဆိုပါ ပိုးတွေ့လူနာအမျိုးသမီး(၂)ဦးနှင့် ထိတွေ့သူ(၁၀)ဦးအား RDT-Test Kit စစ်ဆေး လျက်ရှိရာ ကိုဗစ်-၁၉ရောဂါပိုးမတွေ့ရှိ၍ နေအိမ်တွင် Home Quarantine ထားရှိကြောင်းသိရသည်။

ဟိုပုံးခရိုင်(ပြန်/ဆက်)