ဘုတ်ပြင်း ဇွန် ၁၄
တနင်္သာရီတိုင်းဒေသကြီး၊ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်တွင် အသက်(၈၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများအား သုံးလတစ်ကြိမ် ထောက်ပံ့ပေးအပ်လျှက်ရှိသော လူမှုရေး ပင်စင် ထောက်ပံ့ငွေများကို အောင်မင်္ဂလာရပ်ကွက်တွင် ဇွန်လ (၁၄) ရက်နေ့က အိမ်တိုင် ရာရောက် သွား ရောက်ထောက်ပံ့ပေးအပ်လျှက်ရှိကြောင်း သိရသည်။
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ၂၀၂၀-၂၀၂၁ဘဏ္ဍာ နှစ် ဒုတိယ (၃)လပတ် (ဇန်နဝါရီ ၊ ဖေဖော်ဝါရီ ၊ မတ်)လ များအတွက် ပေးအပ်ခြင်းဖြစ်ပြီး ဘိုးဘွား တစ်ဦးကို တစ်လလျှင် (၁၀၀၀၀)ကျပ်နှုန်းဖြင့် (၃)လအတွက် (၃၀၀၀၀)ကျပ်စီ ထောက်ပံ့ ပေးအပ် ခြင်းဖြစ်ကြောင်း ဘုတ်ပြင်းမြို့အောင်မင်္ဂလာရပ်ကွက်တွင် အသက် (၈၅)နှစ်နှင့် အထက် သက်ကြီး ဘိုးဘွား ( ၁၆ ) ဦးရှိကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးထံမှ သိရ သည်။