ရွှေတောင်မြို့နယ်၌ ၂၀၂၁ ခုနှစ် အစိုးရ ပါဠိပထမပြန် စာမေးပွဲ ဖြေဆိုမှု အောင်မြင်စွာကျင်းပ ပြီးစီး

ရွှေတောင် ဇွန် ၁၅

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ရွှေတောင်မြို့နယ်၌ သြဝါဒစရိယ ဆရာတော်ကြီးများ ကြီးကြပ်ကာ  ၂၀၂၁ ခုနှစ် ပါဠိပထမပြန်စာမေးပွဲကို ရွှေတောင်မြို့နယ် ကြာနီကန်ရပ်ကွက် သာသနာ့ဗိမာန်တော်ကြီး၌ တစ်ပတ်ကြာ ဖြေဆို ကျင်းပခဲ့ရာ ဇွန်လ(၁၄)ရက်နေ့တွင် အောင်မြင် ပြီးစီးခဲ့ကြောင်း သိရသည်။

ပါဠိပထမပြန်စာမေးပွဲကို ရွှေတောက်မြို့နယ်အတွင်း ကျောင်းတိုက်များမှ  စာဖြေ ရဟန်း၊ သာမဏေ၊ သီလရှင်များမှ အခြေပြုမူလတန်း၊ အငယ်တန်း၊ အလတ်တန်း ၊ အကြီးတန်းသည် ဇွန်လ(၇)ရက်နေ့မှ ဇွန်လ ၁၄ရက်နေ့အထိ သက်မှတ်ချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ညွှန်ကြားချက်များနှင့် အညီ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ပါဠိပထမပြန်စာမေးပွဲကို ဝင်ရောက်ဖြေဆိုကြသည့် ရဟန်း၊ သာမဏေ၊ သီလရှင် များအား မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီနှင့် အစိုးရပါဠိပထမပြန်စာမေးပွဲ ကြီးကြပ်ရေးအဖွဲ့တို့မှ အဆင်ပြေ ချောမွေ့စွာ ဖြေဆိုနိုင်ရေးအတွက်၊ ကျန်းမာရေး စောင့်ရှောက်မှုများနှင့် ဝေယျာဝစ္စများအား ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။