ထန်းတပင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်

ထန်းတပင်(ပဲခူး) ဇွန် ၁၅

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး ပြည်သူများ သိရှိလိုက်နာရမည့်အချက်များ ဆောင်ရန်/ရှောင်ရန်များအား မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက မြို့နယ်အတွင်း လိုက်လံကြေညာပေးလျက်ရှိသည်။

ထိုသို့ လိုက်လံကြေညာရာတွင် မိမိတို့မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါမဖြစ်ပွား ၊ မပြန့်ပွားစေရေးအတွက် ပြည်သူများအနေဖြင့် အထူးဂရုပြုသွားလာနေထိုင်ကြရန် နေအိမ်ပြင်ပသို့ သွားလာရာတွင် Mask (နှာခေါင်းစည်း) များ စနစ်တကျ တပ်ဆင်သွားလာကြရန် မလိုအပ်ပဲ လူစုလူဝေးရှိသော နေရာများသို့ သွားလာခြင်းမှ ‌ရှောင်ကျဉ်ရန် လက်ကိုမကြာခဏ ဆေးကြောခြင်း တစ်ဦးနှင့်တစ်ဦးခပ်ခွာခွာ နေထိုင်ကြရန် စသည့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့် ပတ်သက်သည့် ထုတ်ပြန်ချက်များအား လိုက်နာ၍ အချင်းချင်း အသိပေးခြင်း၊ သတိပေးခြင်းများဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် လိုက်လံနှိုးဆော်ပေးလျက်ရှိကြောင်း သိရသည်။