သတင်းများ

ပဲခူးမြို့နယ်၌ ၂၀၂၁ ခုနှစ်၊ လူမှုဖူလုံရေးဥပ‌ဒေနှင့်အညီ အကျိုးခံစားခွင့်များ ထုတ်ပေးခြင်း အခမ်းအနား ကျင်းပ
Jun 15,2021
အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည့်သူ့အင်အားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့သည် ၂၀၂၁ လူမှုဖူလုံရေးဥပဒေအညီ အလုပ်ခွင်ပြင်ပထိခိုက်မှုကြောင့် သေဆုံးခြင်းအတွက် ကျန်ရစ်သူ အကျိုးခံစားခွင့် ခွင့်ပြုထုတ်ပေးခြင်းအခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီအချန်က ပဲခူးမြို့တိုင်းဒေသကြီး လူမှုဖူလုံရေးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရှိရသည်။
ရိခေါ်ဒါရ်၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ ၁၁၆ ဦးရှိပြီး သေဆုံးသူ တစ်ဦးရှိ
Jun 15,2021
ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးကော်မတီ နှင့်အတူ ကျန်းမာရေးဌာန၊ ရပ်ကွက်လူငယ် Volunteer များပူးပေါင်းပြီး မြို့ပေါ်ရပ်ကွက်အတွင်း ပြည်သူများ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုအခြေအနေအား RDT Test Kit ဖြင့် နေ့စဉ်စစ်ဆေး ဆောင်ရွက်လျက်ရှိရာ ဇွန်လ ၁၅ ရက်နေ့အထိ ရောဂါပိုးတွေ့ရှိသူ ၁၁၆ ဦးကျော်ရှိကြောင်း ကျန်းမာရေးဌာနမှ သိရသည်။
မိတ္ထီလာဘူတာ၏ သာစည်-မြင်းခြံလမ်းပိုင်း ပြေးဆွဲလျက်ရှိသည့် အမှတ်(၁၁၁)အဆန်နှင့် (၁၁၂)အစုန် စာပို့ရထား ပြန်လည်ပြေးဆွဲ
Jun 15,2021
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာဘူတာ၏ သာစည်-မြင်းခြံလမ်းပိုင်း ပြေးဆွဲလျက်ရှိသည့် အမှတ်(၁၁၁) အဆန်နှင့် (၁၁၂)အစုန် စာပို့ရထားမှာ ယနေ့မှ စတင်၍ ပြန်လည် ပြေးဆွဲနေပြီ ဖြစ်ကြောင်း သိရသည်။
မော်လမြိုင်ကျွန်းမြို့နယ်တွင် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲအောင်မြင်တော်မူသော စာဖြေသံဃာတော် များအား စူဠဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ
Jun 15,2021
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် အစိုးရဓမ္မာစရိယစာ‌မေးပွဲ နှင့် ပါဠိ ပထမပြန်စာမေးပွဲ၌ ဖြေဆို အောင်မြင်တော်မူကြသည့် ဆရာတော်သံဃာတော်များ၊ သီလရှင်ဆရာကြီး၊ ဆရာလေးများအားစူဠဘွဲ့နှင်းသဘင်ဖြင့် ဘွဲ့တံဆိပ်တော်များ ဆပ်ကပ်ပူဇော်ခြင်းအခမ်းအနားကို ယမန်နေ့၊ ညနေ ၃ နာရီအချိန်က မြို့နယ်သံဃနာယကရုံးခန်းမ၌ကျင်းပသည်။
ဝေါမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားပေးအပ်ပွဲကျင်းပ
Jun 15,2021
ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားပေးအပ်ပွဲကို ယနေ့ နံနက်(၉)နာရီက ဝေါမြို့အေးချမ်းသာယာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ကျင်းပရာ မြို့နယ်စီမံ အုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ ဦးဝင်းမော် ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်  ဗိုလ်မှူး မျိုးဝင်းအောင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
နတ်မောက်မြို့နယ်တွင် နှာခေါင်းစည်း (Mask) များ တပ်ဆင်သွားလာသည့် အလေ့အထများ ဖြစ်စေရန် Mask Campaign ဆောင်ရွက်ပြုလုပ်
Jun 15,2021
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး၊ ကူးစက်ပျံ့ပွားမှု မရှိစေရေးအတွက် အပြင်ထွက်တိုင်း နှာခေါင်းစည်း ( Mask) များ တပ်ဆင်သွားလာသည့် အလေ့အထများ ဖြစ်စေရန် နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်သော စည်းကမ်းချက်များနှင့်အညီ လိုက်နာနေထိုင်သွားလာ ကြရန်  ကျန်းမာရေးအသိပညာပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်ခန့်က နတ်မောက်မြို့  မြို့မရဲစခန်းရှေ့တွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။ 
ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ မိုးရာသီကာတွင် ဖြစ်ပွားတတ်သည့် ရောဂါများ ကာကွယ်နိုင်ရေး အတွက် မြို့မဈေးကြီးနှင့် သားငါးဈေးအား ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများ ဆောင်ရွက်
Jun 15,2021
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ မိုးရာသီကာလတွင် ဖြစ်ပွားတတ်သည့် အခြားရောဂါများ ကာကွယ် နိုင်ရေးအတွက် ယမန်နေ့ မွန်းလွဲ ၂ နာရီ အချိန်က မြို့မဈေးကြီးနှင့် သားငါးဈေးတို့အား ပိုးသတ်ဆေး ဖျန်းခြင်းများအား ဆောင်ရွက်ခဲ့ကြသည်။ 
လေးမျက်နှာမြို့နယ်၌ ကျေးလက်ကုန်ထုတ်လမ်းနှင့် ရေပေးရေးလုပ်ငန်းများ လွဲပြောင်းပေးအပ်ပွဲ အခမ်းအနားကျင်းပ
Jun 15,2021
စိုက်ပျိူးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ လေးမျက်နှာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော ကျေးလက် ကုန်ထုတ်လမ်း (၁)လမ်းနှင့် ကျေးလက်ရေပေးရေး လုပ်ငန်း(၄)ခုအား သက်ဆိုင်ရာ ကျေးရွာကော်မတီများထံသို့ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့​သည်။