ပလောက်မြို့တွင် ကိုဗစ်−၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး အသိပညာပေးခြင်းနှင့် Mask နှာခေါင်းစည်းများ ဖြန့်ဝေ

ပလောက် ဇွန် ၁၅

တနင်္သာရီတိုင်းဒေသကြီး၊  မြိတ်ခရိုင်၊ ပလောက်မြို့  မြို့အုပ်ချုပ်ရေးမှူး ဦးမျိုးဝေ ဦးဆောင်သော အဖွဲ့သည်  ယနေ့ နံနက် ၇ နာရီခွဲက ပလောက်မြို့ လူစည်ကားရာ နေရာဖြစ်သော ပလောက်မြို့ စည်ပင်သာယာဈေးအတွင်းနှင့်  ထားဝယ်-မြိတ် ကားလမ်းမပေါ်တွင် ကိုဗစ်−၁၉ ရောဂါ ကူးစက် ပြန့်ပွားမှုမရှိစေရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း Mask များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ကိုဗစ်−၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း Mask များ ဖြန့်ဝေခြင်းလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ပလောက်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့စည်ပင်သာယာရေးအဖွဲ့၊ နယ်မြေရဲစခန်း ဌာနဆိုင်ရာများ ပူးပေါင်း၍ ပြည်သူများကို ကိုဗစ်−၁၉ ရောဂါပိုးများ မိမိတို့ မြို့အတွင်း ဝင်ရောက်၍ ကူးစက်ပြန့်ပွားမှု မရှိစေရန်အတွက် ပြည်သူ များအား ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို သိရှိ လိုက်နာနိုင်ရန် အသိပညာပေးခြင်းအပြင် နှာခေါင်းစည်း Mask အခု (၅၀၀) ကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

နှင်းမြူလွင်