လှိုင် ဇွန် ၁၅
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီရုံးတွင် လှိုင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၏ သားသမီးများအား ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အ တွက်စာရေး ကိရိယာနှင့်ပညာသင်ထောက်ပံ့ကြေး ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့ သည်။
အခမ်းအနားတွင် ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဟန်ဝင်းလတ်နှင့် ဇနီးက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်းများ၏ သားသမီးများအား နှစ်စဉ်ပညာသင်ထောက်ပံ့ကြေးပေးနေမှုများနှင့် ၂၀၂၁-၂၀၂၂ ပညာရေးနှစ်တွင် တက်ရောက်ပညာ သင်ကြားကြမည့် ဝန်ထမ်းများ၏ သားသမီးများအား အထောက်အပံ့အဖြစ် စာရေးကိရိယာနှင့် ပညာသင်ထောက်ပံ့ကြေးပေးအပ်ရခြင်းအား ရှင်းလင်းပြောကြားပြီး လှိုင်မြို့နယ် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန ဝန်ထမ်းများ၏ သား၊ သမီး(၂၃)ဦးတို့အား စာရေးကိရိ ယာနှင့် ပညာသင်ထောက်ပံ့ကြေး များကို လှိုင်မြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌမှ ကျောင်းသား၊ ကျောင်းသူများထံ ပေးအပ်ခဲ့ ကြောင်း သိရသည်။
အဆိုပါ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၏ သားသမီးများအား ၂၀၂၁-၂၀၂၂ ပညာ သင်နှစ်အတွက် စာရေးကိရိယာကျပ် (၆၀၀၀၀) ဖိုးနှင့် ပညာသင်ထောက်ပံ့ကြေးကျပ် (၂၁၂၅၀၀) အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
သန္တာမေ