ဝန်ထမ်းစွမ်းဆောင်ရည်မြင့်မားရေး Sketch Up သင်တန်းဖွင့်လှစ် သင်ကြားလျက်ရှိ

ဟင်္သာတ ဇွန် ၁၅

ဟင်္သာတခရိုင်၌ ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ စွမ်းဆောင်ရည် မြင့်မားလာစေရေးအတွက် ရည်ရွယ်၍ Sketch Up သင်တန်းကို ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ဇွန်လ ဒုတိယပတ်က စတင်ဖွင့်လှစ် သင်ကြား ပေးလျက်ရှိကြောင်း သိရသည်။

သင်တန်းတွင် Sweeps and Revolves, Group, Components and Outliner၊ External & Internal Wall and Opening, Door, Windows၊ Timber Stairs and Roof၊ Complete House များကို သင်တန်းနည်းပြများက ပို့ချပေးကြောင်း သိရသည်။

အဆိုပါ သင်တန်းကို ဇွန်လ ၂၁ ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး ဟင်္သာတခရိုင်ရုံးနှင့် ဟင်္သာတ၊ ကြံခင်း၊ မြန်အောင်၊ အင်္ဂပူ၊ လေးမျက်နှာ၊ ဇလွန်မြို့နယ် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာနများမှ သင်တန်းသား (၂၀)ဦး တက်ရောက်သင်ကြား လျက်ရှိကြောင်း သိရသည်။

ဟင်္သာတခရိုင်(ပြန်/ဆက်)