ပြင်စလူ ဇွန် ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့ရှိ မြို့ပေါ်ရပ်ကွက်များ ရေစီးရေလာ ကောင်းမွန်စေရေးနှင့် သန့်ရှင်းသာယာမှုရှိစေရေး လုပ်ငန်းညှိနှိုင်းအစည်းဝေးကို ယနေ့နံနက် (၁၀:၀၀) နာရီအချိန်ခန့်က ပြင်စလူမြို့ အထွေထွေအုပ်ချုပ်ဦးစီးဌာန အစည်းဝေးခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အစည်းဝေးတွင် ပြင်စလူမြို့စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိက ပြင်စလူ မြို့ပေါ်ရပ်ကွက်များအတွင်းရှိ အမှိုက်နှင့်အညစ်ကြေးများ စုစည်းသိမ်းဆည်းခြင်း၊ စွန့်ပစ်ခြင်း၊ ဖျက်ဆီးခြင်းလုပ်ငန်းများ ၊ ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရေးနှင့် မိုးရာသီကာလတွင် ဖြစ်လေ့ရှိသောသွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရန်နှင့် အမှိုက်များ စနစ်တကျ စွန့်ပစ်ကြရန်၊ အမှိုက်များပိတ်ဆို့ပြီး ရေမြောင်းများပိတ်ဆို့ပါက မိုးတွင်းကာလ ရေကြီး ရေလျှံဖြစ်နိုင်ကြောင်း၊ အနံ့အသက်မကောင်းဘဲ ကျန်းမာရေးထိခိုက်နိုင်ကြောင်း၊ အထူးသဖြင့် မိုးတွင်းကာလတွင် ခြင်များပေါက်ဖွားပြီး ကလေးငယ်များ သွေးလွန်တုပ်ကွေးဖြစ်နိုင်သဖြင့် ကြိုတင်ကာကွယ်မှုများ ပြုလုပ်ထားကြရန်လိုအပ်ကြောင်း၊ ဌာန၏လုပ်ငန်းစဉ်များနှင့် ဌာန၏ ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းများအား ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းဝေးပွဲကို ပြင်စလူမြို့ မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများ တက်ရောက် ခဲ့ကြောင်းသိရသည်။
ပြင်စလူ(ပြန်/ဆက်)