ကျွန်းစုမြို့တွင် ကိုဗစ်-၁၉ ရောဂါ အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ကျွန်းစု ဇွန် ၁၅

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် ကိုဗစ်-၁၉ အရေးပေါ်တုံ့ပြန်ရကော်မတီ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို မြို့နယ်ကျွန်းရတနာခန်းမတွင် ယမန်နေ့ မွန်းလွဲ(၃)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအစည်းအဝေးတွင် ကိုဗစ်-၁၉‌ ရောဂါ အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စန်းဝင်းက ကျွန်းစုမြို့နယ် တွင် ကိုဗစ်-၁၉ တတိယလှိုင်းအတွက် ကြိုတင်ကာကွယ်နိုင်ရေး လုပ်ငန်းများ ပိုမို ဆောင်ရွက်ရေး၊ ကိုဗစ်-၁၉ သံသယရှိသူများအား သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက် ရေး၊ မိုးရာသီ ရောက်ရှိလာပြီဖြစ်၍ သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရေးအတွက် ခြင်နှိမ်နင်းရေး လုပ်ငန်းစဉ်များ  စသည်တို့ကို ဆွေးနွေးပြောကြားခဲ့ပြီး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာရဲမင်းဦးက ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသည့် လူနာနှင့် ပတ်သက်၍ ဆောင်ရွက် ထာရှိမှုများ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ လိုက်နာကြရန် လိုအပ်ကြောင်း စသည်တို့ကို ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်အတွင်း Hand Gel များ၊  Face Shield များ၊ Mask များ၊ PPE ဝတ်စုံများ၊ စသည် ကြိုတင်ကာကွယ်ရေး ပစ္စည်းများ ဝယ်ယူနိုင်ရေးနှင့် ပိုးတွေ့လူနာများနှင့် Quarintine ထားရှိသူများ၏ စားဝတ်နေရေးတို့အတွက် အလှူငွေများ ကောက်ခံနိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြပြီး မြို့မိ၊ မြို့ဖများနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများမှ လိုအပ်သည်များ ဆွေးနွေးခဲ့ ရာ မြို့နယ် ကိုဗစ်-၁၉ အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း‌ ဆွေးနွေးခဲ့ကြကြောင်း သိရ သည်။

စည်သူရအောင်