သတင်းများ

ကျိုင်းတုံမြို့၌ (၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် စုပေါင်းသွေးလှူဒါန်း
Sep 13,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ (၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲကို ယမန်နေ့ နံနက် ၉ နာရီက ကျိုင်းတုံမြို့ အထွေထွေရောဂါကုဆေးရုံကြီးတွင် ဆောင်ရွက်ခဲ့သည်။
မြောင်မြို့နယ်တွင် မွေးရာပါမသန်စွမ်းသူများအား ကိုဗစ်-၁၉ရောဂါ ထိန်းချုပ် ကုစားရေး အစီအစဉ်အရ ထောက်ပံ့ကြေး ငွေပေးအပ်
Sep 13,2020
စစ်ကိုင်းခရိုင်၊ မြောင်မြို့နယ်တွင် လူမှု ဝန်ထမ်း ဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ် ကုစားရေး အစီအစဉ်အရ မွေးရာပါ မသန်စွမ်းသူများအား ထောက်ပံကြေးငွေများကို ယနေ့ နံနက်(၁၀)နာရီက ရပ်ကွက်ကျေးရွာများသို့ လက်ဝယ် အရောက် လွှဲပြောင်းပေးအပ်ခဲ့သည်။
ရိခေါ်ဒါရ်မြို့ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်တားဆီးရေးကော်မတီထံသို့ မျက်နှာအကာFace Shield နှင့် ပါးစပ်နှင့်နှားခေါင်းစည်းများလာရောက်လှူဒါန်း
Sep 13,2020
ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ Volunteer အဖွဲ့များပူးပေါင်းပြီး ဒေသ အတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက် လျက်ရှိရာ အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အထောက်အကူ ပြုစေရေး အတွက် အလှူရှင်များဖြစ်သည့် ဦးစိုင်းစဝ်ဆွေနှင့် ဦးအောင်နိုင်တို့မှ မျက်နှာအကာ Face Shield နှင့် Mask များကို စက်တင်ဘာ ၁၁ ရက်က မြို့ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးကော်မတီထံသို့ လာရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ကိုဗစ် -၁၉ ကပ်ရောဂါပြန့်ပွားမှုမရှိစေရး ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းနှင့်အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်
Sep 13,2020
ချင်းပြည်နယ် ဖလမ်းခရိုင် တီးတိန်မြို့နယ် ခိုင်ကမ်းမြို့တွင် ခရီးသွားပြည်သူများဝင် ထွက်သွား လာသည့် မြို့အထွက် ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ကျန်းမာရေးစစ်ဆေးခြင်းလုပ်ငန်းများ အရှိန်မပြတ် ဆောင်ရွက်လျက်ရှိသည်။
ချောင်းဆုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေး နေအိမ်ပြင်ပထွက်ခွာသူများ Mask တပ်ဆင်မှု ရှိ/မရှိ စစ်ဆေးခြင်းနှင့် ပညာပေးလုပ်ငန်း ဆောင်ရွက်
Sep 13,2020
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ယမန်နေ့နံနက် (၉)နာရီက ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေး နေအိမ် ပြင်ပထွက်ခွာသူများ Mask တပ်ဆင်မှု ရှိ/မရှိ စစ်ဆေးခြင်းနှင့် ပညာပေးခြင်းလုပ်ငန်းကို ကညှော်ကျေးရွာ ကျေးလက်ကျန်းမာရေးဌာနရှေ့ (ချောင်းဆုံ-မော်လမြိုင်) ခရီးသွားလမ်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သင်္ဃန်းကျွန်းမြို့နယ်၊ သုမင်္ဂလာရပ်ကွက်သုဝဏ္ဏဘောလုံး အကယ်ဒမီ မြက်ခင်းတုဘောလုံးကွင်းအတွင်း Quarantine centre ပြုလုပ်ရန် ယာယီအဆောက်အဦ ဆောက်လုပ်
Sep 13,2020
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏအမျိုးသားဘောလုံး အကယ်ဒမီ(ရန်ကုန်) မြက်ခင်းတုဘောလုံးကွင်းဝင်းအတွင်းတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် ဆေးတက္ကသိုလ်(၁)ပါမောက္ခချုပ် ဒေါက်တာဇော်ဝေစိုး ကဦးဆောင်ကာ Quarantine ဝင်ရောက်သူများအား ထားရှိနိုင်ရန်အတွက် ယာယီ အဆောက်အဦ တစ်လုံးလျှင်လူ(၁၀၀)ဦး Quarantine ဝင်‌ရောက်နေထိုင်နိုင်မည့် ယာယီအဆောက်အဦ(၂)လုံးကို (၅)ရက်အတွင်း အပြီးတည်ဆောက်မည်ဖြစ်ပြီး လူ (၄၀၀) ဦးခန့်ထားနိုင်မည့် ယာယီ အဆောက်အဦ Quarantine Center များကိုလည်းဆက်လက် ဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ခန္တီးမြို့ ဇီးဖြူကုန်းရပ်ကွက် နားမေတ္တာလမ်းဆုံနှင့် လဝကရုံးလမ်းဆုံတို့တွင် လက်ကမ်းစာစောင်နှင့် နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေ
Sep 13,2020
စစ်ကိုင်းတိုင်ဒေသကြီး၊ ခန္တီးမြို့၊ ဇီးဖြူကုန်းရပ်ကွက် နားမေတ္တာလမ်းဆုံနှင့် လ.ဝ.ကရုံးလမ်းဆုံတို့တွင် ယမန်နေ့ နံနက်ပိုင်းက ခန္တီးမြို့နယ်စည်ပင်သာယာရေးကော်မတီ၊ ကြက်ခြေနီအသင်းနှင့် ခရိုင်လူငယ်ရေးရာ ကော်မတီတို့ ပူးပေါင်း၍ ကိုဗစ် -၁၉ ရောဂါအသိပညာပေး လက်ကမ်းစာစောင်နှင့် နှာခေါင်းစည်း (Mask) များ အခမဲ့ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
မင်းဘူးခရိုင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ဝန်ဆောင်မှုလုပ်ငန်းများအားလုံးကို စက်တင်ဘာ ၁၄ ရက်မှစပြီး ခေတ္တရပ်ဆိုင်းသွားမည်
Sep 13,2020
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ ခွင့်ပြုလမ်းညွှန်ချက်အရ မကွေးတိုင်း ဒေသကြီး၊ မင်းဘူးခရိုင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ဝန်ဆောင်မှုလုပ်ငန်း များ အားလုံးကို စက်တင်ဘာ ၁၄ ရက် (တနင်္လာနေ့)မှစတင်၍ ခေတ္တရပ်ဆိုင်းသွားမည် ဖြစ်ကြောင်း မင်းဘူးခရိုင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံးမှ သိရသည်။