သတင်းများ

ကွန်ဟိန်းမြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်
Sep 14,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)ကွန်ဟိန်းမြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်၊ ထိန်းချုပ်နိုင်ရေး အတွက် အသိပညာပေးခြင်းလုပ်ငန်းများအား ယမန်နေ့ နံနက်(၈)နာရီ အချိန်ခန့်က ပြည်ထောင်စုလမ်းမကြီး၊ လူသွားလူလာများသည့် လမ်းဆုံနေရာ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လဲချားတွင် ဒုတိယအကြိမ်မဲစာရင်းများကြေညာနိုင်ရေးနှင့် ပြည့်စုံမှန်ကန်မှုရှိစေရန် မဲဆန္ဒရှင်စာရင်းများ စိစစ်ဆောင်ရွက်
Sep 14,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် ဒုတိယအကြိမ်မဲစာရင်းများ ကြေညာနိုင်ရေးနှင့် ပြည့်စုံမှန်ကန်မှုရှိစေရန် မဲဆန္ဒရှင်စာရင်းများ စိစစ်ဆောင်ရွက်ခြင်းကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ယမန်နေ့နံနက် ၉နာရီခန့်က စိစစ် ဆောင်ရွက်လျက်ရှိသည်။
မိုင်းယောင်း၌ စားသောက်ဖွယ်ရာများ ရောင်းချသည့်ဈေးဆိုင်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ထားခြင်း ရှိ/မရှိ စစ်ဆေး
Sep 14,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် စည်ပင်နယ်နိမိတ်အတွင်း ဖွင့်လှစ်ရောင်းချသည့် ခေါက်ဆွဲဆိုင်များနှင့် စားသောက်ဖွယ်ရာများ ရောင်းချသည့် ဈေးဆိုင်များကို နေ့လယ်ပိုင်း ဖွင့်လှစ်ရောင်းချသည့်ဈေးဆိုင်များ စစ်ဆေးမှုကြီးကြပ်ရေး အဖွဲ့သည် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက် ထားခြင်း ရှိ/မရှိ စစ်ဆေးခဲ့ကြောင်း သိရသည်။
မဘိမ်းမြို့နယ်တွင် ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချလျက်ရှိသည့် ကုန်ပစ္စည်းများအား ကုန်အညွှန်းအမှတ်အသား ကိုက်ညီမှုရှိ/မရှိ စစ်ဆေးဆောင်ရွက်
Sep 14,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနမှ မဘိမ်းမြို့မဈေးအတွင်းရှိ ဈေးဆိုင်များနှင့် မြို့မရပ်ကွက်အတွင်းရှိ ဈေးဆိုင်များတွင် ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချလျက်ရှိသည့် ကုန်ပစ္စည်းများအား ကုန်အညွှန်းအမှတ်အသားများ ကိုက်ညီမှုရှိ/မရှိကို ယမန်နေ့နံနက် ၇ နာရီအချိန်ခန့်က စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ခါမ်းပါတ်မြို့၊ ကနန်ကျေးရွာတွင် ကိုဗစ်-၁၉ နှင့်ပတ်သက်၍ အသိပေးနှိုးဆော်ခြင်းများဆောင်ရွက်
Sep 14,2020
စစ်ကိုင်းတိုင်းဒေသကြီး၊တမူးခရိုင်၊ခါမ်းပါတ်မြို့၊ကနန်ကျေးရွာတွင်ကိုဗစ်-၁၉နှင့်ပတ်သက် ၍ အသိပေးနိုးဆော်ခြင်းများကို ယမန်နေ့ညနေပိုင်း ကဆောင်ရွက်ခဲ့ကြကြောင်းသိရ သည်။
(၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မိုင်းယောင်း မြို့နယ်တွင် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်
Sep 14,2020
အောက်တိုဘာ ၁ ရက်နေ့တွင် ကျရောက်မည့် (၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသော အားဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများကို ယမန်နေ့ နံနက် ၇ နာရီခွဲခန့်က ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ် ရဲတပ်ဖွဲ့ဝင်များက ရှေးဟောင်းသမိုင်းဝင် မြို့ဦးစေတီ၌ ပြုလုပ် ခဲ့ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
မင်းဘူး(စကု)မြို့နယ်တွင် သိုးနှင့်ဆိတ် တွဲဖက်မွေးမြူခြင်းဖြင့် တစ်ဖက် တစ်လမ်းမှ အထောက်အကူပြု
Sep 14,2020
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ် ရွာသာရွာမှ တောင်သူများသည် ရာသီဥတု မကောင်း၍ သီးနှံများ စိုက်ပျိုးရာတွင် မဖြစ်ထွန်းသည့်အတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူ ဖြစ်စေရန် သိုးနှင့်ဆိတ်ကို တွဲဖက်မွေးမြူထားကြကြောင်း ရွာသာကျေးရွာမှ တောင်သူ တစ်ဦးထံမှ သိရသည်။
မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ်တွင် (၅၆) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ်အကြို စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
Sep 14,2020
ရေစကြိုမြို့နယ်တွင်(၅၆) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အထိမ်းအမှတ်အကြို စုပေါင်း သန့် ရှင်းရေးကို ယမန်နေ့ နံနက် ၇ နာရီအချိန်ခန့်က ရေစကြိုမြို့မဟာဓမ္မကလျာဏီ သာသနာ့ ဗိမာန်တော်ကြီးရှေ့တွင် ဆောင်ရွက်သည်။