သတင်းများ

မူဆယ်၌ ကိုဗစ်-၁၉ ပိုးတွေ့လူနာအမှတ်စဉ်(၂၀၁၂)နှင့် အနီးကပ်ထိတွေ့သူများ၏ အာခေါင်၊ နှာခေါင်းတို့ဖတ်နမူနာများ ရယူ စစ်ဆေး
Sep 14,2020
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ စက်တင်ဘာလ(၁၁)ရက် ည(၈)နာရီအချိန်တွင် ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ လူနာအမှတ်စဉ်(၂၀၁၂)နှင့် အနီးကပ်ထိတွေ့သူ စုစုပေါင်း(၁၃)ဦးကို စက်တင်ဘာ(၁၂)ရက်နေ့က မူဆယ်မြို့၊ ပြည်သူ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါကူးစက်မှု ရှိ/မရှိ စစ်ဆေးဆောင်ရွက်နိုင်ရန်အတွက် အာခေါင်၊ နှာခေါင်းတို့ဖတ်နမူနာများကို ရယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သရက်မြို့၌ ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ရောဂါကူးစက်ပျံ့ပွားမှု မရှိစေရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ
Sep 14,2020
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ရောဂါ ကူးစက်ပျံ့ပွားမှု မရှိစေရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မနက် (၁၀)နာရီက ခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
နမ့်စန်မြို့နယ်တွင် (၅၆) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မြို့နယ်ပြည်သူ့ဆေးရုံသို့ သောက်ရေသန့်ဘူးများ လှူဒါန်း
Sep 14,2020
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ်တွင် (၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် ရဲတပ်ဖွဲ့ဝင်များက ယမန်နေ့နံနက် ၉ နာရီခွဲတွင် မြို့နယ် ပြည်သူ့ ဆေးရုံသို့ သောက်ရေသန့်ဘူးများ သွားရောက်ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
မောက်မယ်မြို့နယ်၌ Cash for Work စီမံကိန်းဆောင်ရွက်ပြီးသော လုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
Sep 14,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါကာလအတွင်း စီးပွားရေးကုစားမှု အစီအစဉ်အရ ၂၀၁၉ − ၂၀၂၀ခု ဘဏ္ဍာ ရေးနှစ်အတွင်း Cash for Work စီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ပြီး စီးသော လုပ်ငန်းများအား ယမန်နေ့ နံနက် ၈ နာရီက ကွင်းဆင်းစစ်ဆေးခဲ့သည်။
မိုင်းနောင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရန် စစ်ဆေးရေး ဂိတ်များ ပြန်လည် ဖွင့်လှစ်
Sep 14,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရန် မြို့ဝင်/မြို့ထွက်များတွင် ကျန်းမာရေး စစ်ဆေးဂိတ်များကို ယမန်နေ့တွင်ပြန်လည်ဖွင့်လှစ်ခဲ့သည်။
နောင်တရားမြို့ယာယီဈေး၌ ဈေးရောင်းဈေးဝယ်များ စနစ်တကျရောင်းဝယ်ခြင်းဖြင့် ပူးပေါင်းဆောင်ရွက်
Sep 14,2020
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့ ယာယီဈေး၌ ယခင်ဈေးရက်များနည်းတူ ငါးရက် တစ်ကြိမ် ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ယမန်နေ့ဈေးနေ့တွင် ဈေးရောင်းဈေးဝယ်များက လက်ဆေးခြင်းနှင့် နှာခေါင်းစည်းများတပ်ဆင်အသုံးပြု၍ ပူးပေါင်းပါဝင်လျက်ရှိကြောင်း သိရသည်။
အဋ္ဌမအကြိမ်မြောက် မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဆိုင်းဘုတ်စိုက်ထူ
Sep 14,2020
အဋ္ဌမအကြိမ်မြောက် မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဆိုင်းဘုတ် စိုက်ထူခြင်းကို ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
မိုင်းနောင်မြို့ အထကကျောင်း Quarantine Center ဝင်ရောက်နေသူများအား တစ်ကိုယ်ရည်သုံးပစ္စည်း သွားရောက် ထောက်ပံ့
Sep 14,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင် အထက ကျောင်း Quarantine Center ဝင်ရောက်နေသူများအား နမ့်ခုံး ရှမ်းများ ပရဟိတအသင်း(ဗဟို)၊ တောင်ကြီးမြို့၏ထောက်ပံ့မှုဖြင့် မိုင်းနောင် နမ့်ခုံးရှမ်းများပရဟိတ အသင်းခွဲမှ တစ်ကိုယ်ရည်သုံး၊ အသုံးအဆောင် ပစ္စည်းများကို ယမန်နေ့နံနက်(၈)နာရီ အချိန်က သွားရောက်ထောက်ပံ့ပေးအပ်ခဲ့သည်။