သာယာဝတီမြို့နယ်တွင် မိုးစပါး ၂၇၄၇၄ ဧက စိုက်ပျိုးထားရှိ
Jun 16,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့တွင် ၂၀၂၁ ခုနှစ်တွင် မိုးစပါး ၂၇၄၇၄ ဧကအား မေလပထမပတ်မှစတင်ကာ စိုက်ပျိုးခဲ့ပြီး မိုးရေအပြင် သုံးဆယ်ရေလှောင်တမံမှ ၅၀၉၁၇ ဧက၊ သဲကောဆည်မှ ၉၆၇ ဧက၊ စက်ရေတွင်းမှရရှိသောရေဖြင့် ၆၄၂ ဧကနှင့် မုယင်းဆည်ရေဖြင့် ၈၉၀ ဧက စုစုပေါင်း (၂၇၄၇၄)ဧက စိုက်ပျိုးထားရှိပြီး၊၂၀၂၁ ခုနှစ် ဇွန်လပထမပတ်တွင် စိုက်ပျိုးပြီးစီးခဲ့ကြောင်း သြဂုတ်လဆန်းပိုင်းတွင် စတင်ရိတ်သိမ်းနိုင်မည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။