သတင်းများ

မင်းဘူးမြို့နယ်အတွင်းရှိ လမ်းများ တိုးတက်ကောင်းမွန်စေရေးအတွက် ကွန်ကရစ်လမ်း ခင်းခြင်းများ ဆောင်ရွက် 
Jun 16,2021
မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြို့အင်္ဂါရပ်နှင့်အညီ လမ်းများ တိုးတက်ကောင်းမွန် စေရေး၊ မြို့ပြဖွံ့ဖြိုးရေးနှင့် မြို့ပေါ်ရပ်ကွက်နေပြည်သူများ သွားရေးလာရေး အဆင်ပြေစေရန်တို့အတွက် ကွန်ကရစ် လမ်းများခင်းခြင်း၊ ရေနုတ်မြောင်းများ ဖော်ထုတ်ပြုပြင်ခြင်းနှင့် ကတ္တရာထပ်ပိုးလွှာများ ခင်းခြင်း လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Jun 16,2021
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြို့နယ်(၆)မြို့နယ်တွင် CCTV တပ်ဆင်ခြင်းနှင့် Command and Control Center တည်ဆောက်ခြင်း၊ (Phase-1) လုပ်ငန်းများအပြီးသက် ဆောင်ရွက်နိုင်ရေး၊
မိုင်းဖြတ်မြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ပြီးစီး
Jun 16,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်သည့် ကျေးလက်ဒေဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ် သည့် ရေပေးဝေရေးလုပ်ငန်းနှင့် လမ်းတံတားလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း တာဝန်ရှိသူများထံက သိရသည်။
အမ်းမြို့နယ်၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေး ဟောပြောပွဲကျင်းပ
Jun 16,2021
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေး ဟောပြောပွဲကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှစီစဉ်ဆောင်ရွက်မှုဖြင့် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း ပညာရတနာခန်းမ၌ ယမန်နေ့ ညနေ(၃)နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရှိရသည်။
သာယာဝတီမြို့နယ်၌ နှာခေါင်းစည်း စနစ်တကျတပ်ဆင်သွားလာရေး Mask Campaign ပြုလုပ်
Jun 16,2021
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်ရေးအတွက် နေအိမ်ပြင်ပသို့ ထွက်ခွာပါက နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်သွားလာရေးအတွက် ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်မှုဖြင့် ယနေ့နံနက် ၈နာရီက ရန်ကုန်-ပြည် ကားလမ်း မီးပွိုင့် လမ်းဆုံနှင့်ကားဂိတ်တွင် နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကိုဗစ်ကာကွယ်ဆေးထိုးရန် ကျန်ရှိသည့် ပညာရေးဝန်ထမ်းများနှင့်ဌာနဆိုင်ရာဝန်ထမ်းများအား ပထမအကြိမ်ထိုးနှံ
Jun 16,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ်ရှိ ကိုဗစ်ကာကွယ်ဆေးထိုးရန်ကျန်ရှိသည့် ပညာရေးဝန်ထမ်း(၄၁)ဦး၊ အခြားဌာနဆိုင်ရာမှ ဝန်ထမ်းများနှင့် မိသားစုဝင် (၉)ဦး တို့ကို ဇွန်လ ၁၄ ရက် နံနက်ပိုင်းက မိုင်းရယ်မြို့ပြည်သူ့ဆေးရုံတွင် ထိုးနှံပေးသည်။
ကျောက်ဆည်မြို့အစိုးရစက်မှုလက်မှုအထက်တန်းကျောင်းတွင် လက်တွေ့သင်ကြားရေး အလုပ်ရုံသစ် ဆောက်လုပ်
Jun 16,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ အစိုးရစက်မှုလက်မှုအထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားရာ၌ မိုပိုထိရောက်စေရန်အတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် (RC-၂ထပ်) လက်တွေ့သင်ကြားရေးအလုပ်ရုံသစ်တစ်ခု ဆောက်လုပ်လျက်ရှိကြောင်း သိရှိရသည်။
ဖလမ်းမြို့၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရသူ(၁၁)တိုးလာ
Jun 16,2021
ချင်းပြည်နယ်၊ ဖလမ်းမြို့၌ ဇွန်လ ၁၅ ရက်နေ့တွင် ကိုဗစ်-၁၉ရောဂါကူးစက်ခံရသူ(၁၁)ဦးတိုးလာကြောင်း သိရသည်။ ဖလမ်းမြို့နေပြည်သူများအား ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရမှုရှိ/မရှိ RDT Test Kit ဖြင့် နေ့စဉ်စစ်ဆေးပေးလျက်ရှိရာ ဇွန်လ ၁၅ ရက်နေ့တွင် ကိုဗစ်-၁၉ရောဂါကူးစက်ခံရသူ (၁၁)ဦး တိုးလာကြောင်း ၊ ဖလမ်းမြို့တွင် ယနေ့အထိ ကိုဗစ်-၁၉ရောဂါကးစက်ခံရသူစုစုပေါင်း (၆၂)ဦးထိရှိလာပြီး (၂)ဦး သေဆုံးကြောင်း ခရိုင်ပြည်သူ့ဆေးရုံမှသိရသည်။