သတင်းများ

မံစီမြို့ပေါ်တွင် အသံမိုင်းတစ်လုံး ပေါက်ကွဲမှုဖြစ်
Sep 14,2020
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့ ကောင်ရာရပ်ကွက် (ဗန်းမော်-နမ့်ခမ်း ကားလမ်းဘေး) အလောင်းဘုရားလမ်းထိပ် မြို့နယ်ဥပဒေရုံးနှင့် မြို့နယ်တရားရုံး လမ်းထောင့်နေရာတွင် ယမန်နေ့ ည(၇)နာရီ (၃၅)မိနစ်ခန့်တွင် မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။
အင်းစိန်မြို့နယ်အတွင်းရှိ ဈေးများ၌  နေ့စဉ် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်
Sep 14,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာ ကွယ်နိုင်စေရန်နှင့် ကူးစက်ပျံ့နှံ့မှုများ မရှိစေရန် ရည်ရွယ်၍ အင်းစိန်မြို့နယ်အတွင်းရှိ ဈေးများ၌  နေ့စဉ် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မိုင်းဖြတ်မြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းကျင်းပ
Sep 14,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် စာပေချစ်မြတ်နိုးသူများအသင်း၏ စာဖတ်ဝိုင်းကို ယမန်နေ့ နံနက် ၁၀နာရီအချိန်ခန့်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှမ်းရွာသစ်မြို့ ခလော့ဒေးကျေးရွာတွင် Cash For Work စီမံကိန်းလုပ်ငန်းများ (၉၀)ရာခိုင်နှုန်းဆောင်ရွက်ပြီးစီး
Sep 14,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ ပိုးပလေကျေးရွာအုပ်စု ခလော့ဒေးကျေးရွာတွင် နိုင်ငံတော်မှ ချမှတ်ထားသော ကိုဗစ်-၁၉ကာလ စီးပွားရေးကုစားမှု အစီအစဉ် (CERP) အရ ကျေးလက်နေပြည်သူများဝင်ငွေလျော့နည်းလာမှုနှင့် စားဝတ်နေရေးအခက်အခဲများကို ကုစားပေး နိုင်ရန်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှCash For Work စီမံကိန်းဖြင့် ဆောင်ရွက်နေသည့် ကျေးရွာတွင်း လမ်းပြုပြင်ခြင်းလုပ်ငန်းနှင့် လမ်းဘေးဝဲယာ ရေနှုတ်မြောင်းတူးဖော်ခြင်းလုပ်ငန်းများကို ဩဂုတ်လမှ စတင်အကောင်အထည်ဖော် ဆောင်ရွက်ရာမှ ယခုအချိန်တွင် (၉၀)ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီးဖြစ်ကြောင်း သိရှိရသည်။
သီပေါမြို့နယ်၌ နှာခေါင်းစည်းတပ်၍ သွားလာရေး တတိယအကြိမ် Mask Campaign ပြုလုပ်
Sep 14,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ကိုဗစ်−၁၉ရောဂါ ကြိုတင်ကာကွယ် ရေးအတွက် အိမ်အပြင်ထွက် သွားလာသူတိုင်း နှာခေါင်းစည်းတပ်၍ သွားလာရေးတတိယအကြိမ် Mask Campaign ကို ယမန်နေ့ နံနက်ပိုင်းက မြို့တွင်းရှိ နေရာအနှံအပြားတွင် ပြုလုပ်ခဲ့သည်။
မိုင်းလုံမြို့၌ တရုတ်နိုင်ငံမှပြန်လာသူ နေရပ်ပြန်(၉)ဦးထံမှ နှာခေါင်းနှင့် အာခေါင် တို့ဖတ်စစ်ဆေးချက်အဖြေများ ထုတ်ပြန်
Sep 14,2020
​ကိုဗစ်−၁၉ရောဂါ ကာကွယ်တားဆီးနိုင်ရေးအတွက် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းလုံမြို့တိုက်နယ် ကျန်းမာရေးဌာနမှ သားဖွားဆရာမ ဒေါ်နန်းမြဟန်၊ ပြည်သူ့ကျန်းမာရေးကြီးကြပ်-၂ ဒေါ်သီရိနောင်နှင့် ကိုဗစ်−၁၉ရောဂါ ကာကွယ်၊ တားဆီး၊ ထိန်းချုပ်ရေးကော်မတီဝင်များပူးပေါင်း၍ တရုတ်နိုင်ငံမှ အလုပ်လုပ်ကိုင်၍ ပြန်လည်ရောက်ရှိလာသူ နေရပ်ပြန်(၉)ဦးထံမှ (၁၁.၉.၂၀၂၀)ရက်နေ့က အာခေါင်တို့ဖတ်နမူနာ ရယူခဲ့ကြောင်း သိရသည်။
မိုင်းကိုင်မြို့နယ်၊ တုံလောကျေးရွာအုပ်စုရှိ လယ်မြေများ ရေတိုက်စားနစ်မြှုပ်
Sep 14,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နမ့်လောဝ်းတောင် ကျချောင်းရေ အရှိန်ဖြင့် မြှင့်တက်စီးဆင်းသည့်အတွက် တုံလောကျေးရွာအုပ်စု အတွင်း လယ်မြေများ ရေတိုက်စားနစ်မြှုပ်မှုများ ဖြစ်ပွားခဲ့ရာ ယမန်နေ့ နံနက် ၉ နာရီ မှ ညနေ ၄ နာရီအထိ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထွန်းအောင် ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးရဲသွေးကျော် ၊ မြို့နယ်မြေ စာရင်းဦးစီးဌာနနှင့် တုံလောကျေးရွာအုပ်စုမှ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
အင်းစိန်မြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်
Sep 14,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ သွားရေးလာရေး အဆင်ပြေစေရန်နှင့် မြို့နယ်သန့်ရှင်းသာယာလှပစေရန် ရည်ရွယ်၍ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ယမန်နေ့ နံနက်(၇)နာရီအချိန်က ဆောင်ရွက်ခဲ့သည်။