သတင်းများ

မြန်အောင်၌ ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်သင်တန်းဖွင့်လှစ်
Sep 14,2020
ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ဝင်များအား ယနေ့နံနက် ၉ နာရီကရွေးကောက်ပွဲ ဆိုင်ရာ စွမ်းရည်မြှင့် ဆင့်ပွားသင်တန်းများကို မြန်အောင်မြို့ အ.ထ.က ‌(၂)နေခြည် ၊ အ.လ.က လက်ပန်ရပ် ၊ အ.မ.က ယွန်းကျောင်းတို့တွင် ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။
ရှားတောမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နေအိမ်ပြင်ပမှ ထွက်ခွာသွားလာနေသော ပြည်သူများအား Mask တပ်ဆင်ရေး အသိပညာပေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်
Sep 14,2020
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မြန်ဆန်လာသဖြင့် ကယားပြည်နယ်၊ ရှားတောမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်သည် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ထိန်းချုပ်ကုသနိုင်ရေးအတွက် နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာနေ သော ပြည်သူများအား မဖြစ်မနေ Mask တပ်ဆင်ရေး သိပညာပေးခြင်းလုပ်ငန်းများကို ယနေ့ နံနက် (၈) နာရီအချိန် က လူသွားလူလာများသော ဈေးပိုင်းရပ်ကွက် ဗိုလ်ချုပ်လမ်းနှင့် ဘုရင့်နောင်လမ်းဆုံတွင် အရှိန်မြှင့်တင် ဆောင်ရွက်ခဲ့သည်။
တာမိုးညဲမြို့၊ မြို့အဝင်/အထွက်ဂိတ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေး စစ်ဆေးမှု ဆောင်ရွက်
Sep 14,2020
မူဆယ်ခရိုင်၊ တာမိုးညဲမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေး အတွက် မြို့ကိုဗစ်-၁၉ ရောဂါ ထိန်ချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီက မြို့အဝင်/အထွက်တွင် စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်ပြီး ကျန်းမာရေးစစ်ဆေးခြင်း၊ ခရီးသွားရာဇဝင်မှတ်တမ်းများကောက်ယူခြင်းနှင့် ပြည်သူ လူထု များအား အပူးချိန်တိုင်းတာခြင်းတို့ကို စက်တင်ဘာလ(၅)ရက်နေ့မှ စတင်၍ အရှိန်အဟုန်မပျက် ဆက်လက် ဆောင်ရွက် လျက်ရှိသည်။
ရေကြည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု မဖြစ်ပွားစေရန် အသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်
Sep 14,2020
ပုသိမ်ခရိုင် ၊ရေကြည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု မဖြစ်ပွားစေရန် အသိပညာပေး‌ ဟောပြောခြင်း လုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်(၈)နာရီအချိန်တွင် ရေကြည်မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ တာဝန်ရှိသူများသည် ငှက်သိုက် ကျေးရွအုပ်စု၊ ခိုတောင် (၁)ကျေးရွာ၊ ခို​​တောင် (၂)ကျေးရွာ၊ အရှေ့စုကျေးရွာ၊ အလယ်စုကျေးရွာ နှင့် ကွက်သစ်ကျေးရွာတိုတွင် ကိုဗစ်ရောဂါ မဖြစ်ပွား​စေရန် ဆောင်ရန်/ရှောင်ရန်များကို ကျေးရွာ/ရပ်ကွက်နေ မိဘပြည်သူတို့အား အသိပညာပေး ဟောပြောခြင်းကို မော်တော်ယာဉ်ဖြင့် လှည့်လည်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပန်းဘဲတန်းမြို့နယ်တွင် ပြည်သူများအား နှာခေါင်းစည်း(Mask) နှင့် Hand Wash Tissue များ ဖြန့်ဝေ
Sep 14,2020
ပန်းဘဲတန်းမြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ၏ ဦးဆောင်မှုဖြင့် ပြည်သူများအား နှာခေါင်းစည်း(Mask) ၊ Hand Wash Tissue များ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းက မဟာဗန္ဓုလလမ်းပေါ်နှင့် သိမ်ကြီးဈေးအတွင်းရှိ ပြည်သူများအား ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။
မုံးကိုးမြို့၌ ကူးစက်မှုမြန်ဆန်သည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အသံချဲ့စက်ဖြင့် လိုက်လံ အသိပေး နှိုးဆော်
Sep 14,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့၊ နယ်စပ်ဒေသ၌ ကူးစက်မှုမြန်ဆန်သည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် ကျန်းမာရေး ဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ် အစိုးရအဖွဲ့တို့က ထုတ်ပြန် ထားသည့် ကျန်းမာရေး လမ်းညွှန်ချက်များကို ပြည်သူများ လိုက်နာဆောင်ရွက်ရန်အတွက် အသံချဲ့စက်ဖြင့် လိုက်လံ အသိပေးနှိုးဆော်ခြင်းကို ယနေ့ နံနက်ပိုင်းအချိန်က ဆောင်ရွက်သည်။
ရှင်ဗွေယန်မြို့တွင် (Quarantine Center) ထားရှိရန်အတွက် စု​ပေါင်းသန့်ရှင်းရေး ဆောင်ရွက်
Sep 14,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ရှင်ဗွေယန်မြို့တွင် အခြားမြို့/ရွာများမှ ပြန်လည်ဝင်ရောက်လာမည့် ဒေသခံ ပြည်သူ များအား (Quarantine Center) ထားရှိရန်အတွက် ရှင်ဗွေယန်မြို့ ထေရဝါဒဗုဒ္ဓ သာသနာပြု ကျောင်းဝင်းအတွင်းရှိ ယောဂီအဆောင်ကို ယမန်နေ့ နံနက် ၇ နာရီတွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ကိုဗစ် − ၁၉ ရောဂါ ထိန်းချုပ်ရေး ဧည့်လမ်းညွှန်အသင်းနှင့် ခရီးသွားလုပ်ငန်းရှင်များ MASK Campaign ပြုလုပ်
Sep 14,2020
ကော့သောင်းမြို့တွင် ကိုဗစ် − ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန် မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများ ဝိုင်းဝန်းပါဝင်ပူးပေါင်း ဆောင်ရွက်မှုအဖြစ် ကော့သောင်းခရိုင် ဧည့်လမ်းညွှန်အသင်းနှင့် ခရီးသွားလုပ်ငန်းရှင်များ စုပေါင်းကာ ယနေ့နံနက်ပိုင်းက မြို့နေပြည်သူ တွေကို နှာခေါင်းစည်းများ လိုက်လံဝေငှပေးသည့် MASK Campaign လှုပ်ရှားမှု ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။