ကျောင်းကုန်းမြို့တွင် နိုင်ငံတစ်ဝန်း မှုခင်းစီမံခန့်ခွဲမှု အစီအစဉ်မိတ်ဆက်ရှင်းလင်း

ကျောင်းကုန်း ဇွန် ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အေးချမ်းသာယာခန်းမ၌ နိုင်ငံတစ်ဝန်း မှုခင်းစီမံခန့်ခွဲမှု အစီအစဉ်မိတ်ဆက်ရှင်းလင်းခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး တရားသူကြီးချုပ် ဦးမျိုးညွန့်က ပြည်ထောင်စုလွှတ်တော်ချုပ်၏ မဟာဗျုဟာ စီမံကိန်း (၂၀၁၈-၂၀၂၂)အရ အကောင်အထည်ဖော်ဆောင်ရွက်သည့် ကျောင်းကုန်းမြို့နယ်တရား ရုံး၏မှုခင်း စီမံခန့်ခွဲ အစီအစဉ်များ၊ မှုခင်းစီမံခန့်ခွဲမှုအစီအစဉ်ဆိုတာ အမှုများကိုစစ်ဆေးစီရင်ရာမှာ စံသတ် မှတ်ကာလအတွင်း ပြီးပြတ်စေဖို့ တည်ဆဲဥပဒေ လုပ်ထုံး လုပ်နည်းတွေနဲ့အညီ အမှုနှင့်သက်ဆိုင်သူအားလုံးနှင့်အတူ ပူးပေါင်းပြီးအချိန်နှင့်တပြေးညီ ထိရောက်မြန်ဆန်စွာ စစ်ဆေးစီရင်နိုင်ဖို့ဆောင်ရွက်တဲ့အစီအစဉ်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မှုခင်းစီမံခန့်ခွဲမှုအစီအစဉ်၏ ရည်ရွယ်ချက်များ၊ ရရှိမည့် အကျိုးကျေးဇူးများ၊ အဓိကလုပ်ငန်းစဉ်များကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်တရားသူကြီး ဦးရဲကိုကိုက ရာဇဝတ်မှုအမျိုးအစားများ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရဲ့ မှုခင်းစီမံခန့်ခွဲမှုအစီအစဉ်နဲ့အမှုတွေကို အချိန်မီပြီးပြတ်စေဖို့လုပ်ထုံးလုပ်နည်းတွေကို သတ်မှတ်ထားပြီးဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး တရားလွှတ်တော်ရှေ့နေ၊ တိုင်းဒေသကြီးအဆင့်၊ ခရိုင်အဆင့် တရားသူကြီးများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖှဲ့ဥက်ကဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အဆင့် တရားသူကြီးများ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြပြီး၊ သိရှိလိုသည့်အချက်များ ပြန်လည်မေးမြန်းရာ တိုင်းဒေသကြီး တရားလွှတ်တော် မှုခင်းစီမံခန့်ခွဲမှုညှိနှိုင်းရေးမှူးဒေါ်ခင်ချိုထက်ကပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။
ဝင်းကြိုင်