သာကေတ ဇွန် ၁၆
ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့ နံနက်(၁၀)နာရီ တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သာကေတမြို့နယ်ရုံး၌ ဆရာအောင်သန်းထွန်း ရေးသားသော "မူးယစ်ဆေးဝါးတိုက်ဖျက်ရေး" စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆောင်ရွက်ခဲ့ သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သာကေတမြို့နယ် ဦးစီးမှူး ဒေါ်ဆောင်းနှင်းဖြူမှ မူးယစ်ဆေးဝါး အကြောင်းကို ပမာဏဆွေးနွေးခဲ့သည်။ ထို့နောက် မြို့နယ် စာရေး ဆရာအသင်းဥက္ကဋ္ဌ စာရေးဆရာမင်းရိုးယဉ်နှင့် ဒေါက်တာ သန်းထိုက်တို့မှ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနှင့် ပက်သတ်သော ဆောင်ရန် ရှောင်ရန်များ၊ လူမှုပတ်ဝန်းကျင်တွင် ပျံ့နှံ့နေသော မူးယစ်ဆေးဝါး ဆိုးကျိုးများ၊ ပတ်ဝန်းကျင်တစ်ခွင်တွင် မူးယစ်ဆေးဝါး ကင်းစင်စေရန် မိမိကစ၍ ကာကွယ်ရမည့် အချက်များအား အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် တက်ရောက်လာသော စာပေဝါသနာရှင်များမှ "မူးယစ်ဆေးဝါးတိုက်ဖျက်ရေးစာအုပ်" ထဲမှ ပါဝင်သော အချက်များကို အပြန်အလှန်ဆွေးနွေးခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် Book Club အဖွဲ့ဝင်များနှင့် စာပေဝါသနာရှင်များ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
ဆောင်းနှင်းဖြူ