ကန်ကြီးထောင့် ဇွန် ၁၆
ဧရာ၀တီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် နိုင်ငံတစ်ဝန်း မှုခင်းစီမံခန့်ခွဲမှု အစီအစဉ် မိတ်ဆက်ရှင်းလင်းပွဲအခမ်းအနားကို ယမန်နေ့နေ့လည်၁နာရီအချိန်က ဧရာသီရိသုခခန်းမ၌ ကျင်းပခဲ့သည်။ ရှေးဦးစွာဧရာ၀တီတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဦးမျိုးညွန်က အဖွင့်အမှာစကား ပြောကြားရာတွင်နိုင်ငံတ၀န်းမှုခင်းစီမံခန့်ခွဲမှုအစီအစဉ်အရ မြို့နယ်(၃၃၄)မြို့နယ်တွင် ဆောင်ရွတ်သွားမည ်ဖြစ်ပြီး နိုင်ငံတစ်၀န်းဇွန်လ၁ရက်နေ့မှ စတင်ကြောင်းနှင့်ဧရာ၀တီတိုင်း ဒေသကြီး တရားလွှတ်တော် တရားကြီးချုပ်က တရားရုံးများက မှုခင်းစီမံခန့်ခွဲမှု အစီအစဉ်ဆိုင်ရာ လိုက်နာဆောင်ရွတ်ရမည့်အချက်အလက်များနှင့် ဖမ်း၀ရမ်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ သေမှုသေခင်းဆိုင်ရာ အမှုများတွင်ကျန်းမာရေးဌာနနှင့် ဆက်စပ်သည့်ဌာနများ ညှိနှိုင်းဆောင်ရွတ်ပေး ရမည့်အခြေအနေများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် သက်ဆိုင်သည့် သက်သေထွက်ဆိုချက်များ စသည့်ဖြင့် ဝိုင်းဝန်းကူညီဆောင်ရွတ်ပေးကြရန် ဆွေးနွေးပြောကြားသည်။ ကန်ကြီးထောင့်မြို့နယ် တရားသူကြီး ဦးသန့်ဇင်ဦးက မှုခင်းစီမံခန့်ခွဲမှု အစီအစဉ်ဆောင်ရွတ်ရခြင်း ရည်ရွယ်ချက်နှင့်ရရှိမည့် အကျိုးကျေးဇူးများနှင့် အမှုအမျိုးအစားအလိုက် ရက်သတ်မှတ်ချက် များအချိန်စံနှုံးများ ဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်းများအား အကျယ်တ၀င့် ရှင်းလင်းဆွေးနွေးတင်ပြသည်။
၎င်းနောက် ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော်မှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ချိုထက် ကညှိနှိုင်းရေးမှူးအဖြစ် တက်ရောက်လာကြသူများ၏ မေးမြန်းချက်များအား ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်းသိရသည်။
အဆိုပါ မိတ်ဆက်ရှင်းလင်းပွဲသို့ ပုသိမ်ခရိုင် တရားသူကြီးဒေါ်ထွေးထွေး၊ ကန်ကြီးထောင့်မြို့နယ် စီမံခန့်ခွဲမှု အဖွဲ့ဥက္ကဋ္ဌ ဦးမြင့်အောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ကန်ကြီးထောင့်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးထွန်းထွန်းနိုင်နှင့်ဒါးက၊ကံရွာ၊ ကျိုက်လတ်ရဲစခန်းများမှ စခန်းမှူးများ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေး မှူးများ၊ ရှေ့နေများ တက်ရောက်ခဲ့ကြသည်။
ဇင်မာ