ငါန်းဇွန် ဇွန် ၁၆
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ မြို့နယ်အတွင်း ဘေးသောင်ကျေးရွာနှင့် ရေလည်သောင်ကျေးရွာအကြား ဘေးသောင်-ရေလည် သောင်ကျေးရွာချင်းဆက်လမ်း ကွန်ကရစ်လမ်းခင်းခြင်းဆောင်ရွက်နေမှုများကို မြို့နယ် တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော်မတီမှ ယနေ့နံနက် ၁၀နာရီအချိန်က ကွင်းဆင်း ကြည့်ရှုစစ်ဆေးကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် မြို့နယ်တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမျိုးမင်းသိန်း(မြို့နယ်အုပ်ချုပ်ရေးမှူး)နှင့် ကော်မတီဝင်များ၊ မြို့နယ်ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာန တာဝန်ခံအင်ဂျင်နီယာ ဒေါ်ခင်ဆွေဝင်းတို့သည် ရေလည်သောင် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများနှင့် ရတနာလမ်းကုမ္ပဏီတာဝန်ခံတို့နှင့်အတူ မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ငွေလုံး ငွေရင်းခွင့်ပြုရန်ပုံငွေ(၁၇၉.၁၀)ကျပ်သန်းဖြင့် ရတနာလမ်းကုမ္ပဏီမှ တာဝန်ယူဆောင်ရွက် လျက်ရှိသည့် ဘေးသောင်-ရေလည်သောင်ကျေးရွာချင်းဆက်လမ်း ကွန်ကရစ်လမ်းခင်း ခြင်းလုပ်ငန်း (1.307km× 3.66m × 0.525m)ဆောင်ရွက်နေများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးရာ ကုမ္ပဏီတာဝန်ခံက ကွန်ကရစ်လမ်းခင်းခြင်းဆောင်ရွက်မှု ၂၅% ပြီးစီးမှုအား ရှင်းလင်းတင်ပြခြင်းနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းတင်ပြပြီး မြို့နယ်တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေး ကော်မတီမှ လိုအပ်သည်များ မှာကြားဆောင်ရွက် ခဲ့ကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)