တပ်ကုန်း ဇွန် ၁၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ တဲမြင့်ကျေးရွာအုပ်စု အတွင်းရှိဒေသခံ ပြည်သူများအတွက် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန ဝန်ထမ်း များက ပန်းခင်း စီမံချက်ဖြင့်ဆောင်ရွက်ပြီးဖြစ်သည့်နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲ ကို ဇွန် ၁၆ ရက် နံနက် ၁၀ နာရီတွင် တပ်ကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူစိုးက အမှာစကား ပြောကြားပြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းမင်း က ပန်းခင်းစီမံချက်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်နှင့်အညီ မြန်မာနိုင်ငံသား တိုင်းရင်းသားများနှင့် ဥပဒေအရ နိုင်ငံသားများအား အိမ်ထောင်စုစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုးထုတ်ပေးရေးစီမံချက်ဖြစ်ကြောင်း၊ ပန်းခင်းစီမံချက်အား လက်ရှိဒေသတွင် အမြဲနေထိုင်၍ အိမ်ထောင်စုလူဦးရေစာရင်းရှိပြီး ကိုင်ဆောင်လက်မှတ် မရှိသူများ၊ လက်ရှိဒေသတွင်အမြဲနေထိုင်၍ အိမ်ထောင်စုစာရင်းမရှိ၊ ကိုင်ဆောင်လက်မှတ်မရှိ သူများ၊ ရွေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသတွင် အိမ်ထောင်စုစာရင်းရှိသော်လည်း လက်ရှိဒေသတွင် ကိုင်ဆောင်လက်မှတ်မရှိသူများ၊ရွေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသ တွင်အိမ်ထောင်စုစာရင်းနှင့် ကိုင်ဆောင်လက်မှတ် မရှိသူများအား ဆောင်ရွက်ပေးနေမှုများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ဥတ္တရခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်သန်းလင်းနှင့် အဖွဲ့ဝင်များ ဖြစ်ကြသည့် ဒုတိယဗိုလ်မှူးကြီး သန်းဇော်ထူး၊ ဦးကျော်ကျော်နိုင်၊ ဦးကျော်ကျော်သန်း၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးကျော်သူစိုးနှင့် အဖွဲ့ဝင်များက ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီး ဖြစ်သည့် နိုင်ငံသားစိစစ်ရေး ကတ်ပြား(၉၂)ကတ်အား တဲမြင့်ကျေးရွာအုပ်စုအတွင်းရှိ ကာယကံရှင် ပြည်သူများထံ ပေးအပ်ခဲ့ကြောင်းသိရသည်။
တင်စိုးလွင်(ပြန်/ဆက်)