လပွတ္တာမြို့နယ်တွင် စိုက်ပျိုးရေးအသိပညာပေး Talk Show ဆောင်ရွက်

လပွတ္တာ   ဇွန် ၁၆

ဧရာ၀တီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ စိုက်ပျိုးရေးအသိပညာပေး Talk Show ကို ယနေ့ နေ့လယ် (၁၃:၀၀)နာရီအချိန်က လပွတ္တာခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် လပွတ္တာခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးတင်မောင်ဦးက မိတ်ဆက်စကားပြောကြားပြီး သိလိုသည့်များကို မေးမြန်းရာ ခရိုင်စိုက်ပျိုးရေး ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်တင်ခိုင်က မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် ထုံးထည့်သွင်းခြင်း၊ စပါးခွံမြေဆွေးပြုလုပ်ထည့်သွင်းခြင်း၊ သစ်စိမ်းမြေဆွေး၊ ပိုက်ဆံလျှော်ထည့်သွင်းခြင်း အကျိုး ကျေးဇူးများအကြောင်းနှင့် မျိုးကောင်းမျိုးသန့် သုံးစွဲခြင်းဖြင့် ရရှိသောအကျိုးကျေးဇူးများ စသည့် အကြောင်း အကျယ်တဝင့်ရှင်းလင်း  ပြောကြားခဲ့ကြောင်း  သိရသည်။

လပွတ္တာခရိုင်ပြန်/ဆက်