ကျိုက်မရောမြို့နယ်ရှိ တောင်သူများအား ၂၀၂၁ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေများ ဆက်လက် ထုတ်ချေးပေးလျက်ရှိ

ကျိုက်မရော ဇွန် ၁၆

မော်လမြိုင်ခရိုင်၊  ကျိုက်မရော မြို့နယ်အတွင်းရှိတောင်သူများအား   ၂၀၂၁ခုနှစ်  မိုးရာသီ စိုက်ပျိုး စရိတ်ချေးငွေများအား ဇွန်လ၁ရက်နေ့မှစ၍ ထုတ်ချေးပေးလျက်ရှိရာ ယနေ့ထိ စိုက်ပျိုး စရိတ် ချေးငွေပေါင်း (၁၁၇၉၀၀၀၀၀) သိန်း ထုတ်ချေးပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ကျိုက်မရောမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု (၄၇)အုပ်စုမှတောင်သူဦးရေ (၁၃၈)ဦး၊ လယ်ဧက (၇၈၆) ဧကအတွက် ချေးငွေစုစုပေါင်း( ၁၁၇၉၀၀၀၀၀)သိန်း ထုတ်ချေးပေးပြီး ဖြစ်ကြောင်းနှင့်  လယ်သီးနှံ တစ်ဧကလျင်၁၅၀၀၀၀ကျပ်၊ ယာသီးနှံတစ်ဧကလျင်၁၀၀၀၀၀ ကျပ် နှုန်းဖြင့် ချေးပေးနေခြင်းဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ  မန်နေဂျာ ဒေါ်သီတာထွန်းထံမှ   သိရသည်။  အဆိုပါ  မိုးရာသီစိုက်ပျိုး စရိတ်ချေးငွေများကို  ချေးယူထား သည့်  တောင်သူလယ်သမားများအနေဖြင့်  လာမည့်၂၀၂၂ခုနှစ် ၊ဧပြီလ  အတွင်း တစ်နှစ် အတိုး နှုန်းငါးရာခိုင်နှုန်းဖြင့် ပြန်လည်ပေးသွင်းကြရမည် ဖြစ်ကြောင်း သိရသည်။

ချိုမြတ်မြတ်ထွေး